သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vaping (ခေါ်) ဆေးလိပ်ငွေ့ရှူခြင်း  


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က Vape အရောင်းဆိုင်တခု
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က Vape အရောင်းဆိုင်တခု

Vape (သို့) E-စီးကရက်လို့ခေါ်တဲ့ ဒီ ဆေးငွေ့ရှူတာ ဘယ်လို စတင်ခဲ့ပြီး၊ ဘယ်လို အန္တရာယ်ရှိနိုင်ပါလဲ။

ခေတ်လူငယ်တွေကြား ရေပန်းစားလာနေတဲ့ ဒီဆေးလိပ်ငွေ့ရူတာက၊ ဆေးလိပ်သောက်သလို အနည်းနဲ့အများ ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

Vape (သို့) E-စီးကရက်လို့ခေါ်တဲ့ ဒီဆေးငွေ့ရှူတာဟာ ဆေးရွက်ကြီးကို လျှပ်စစ်နဲ့ အငွေ့ (Vapor) ထုတ်ရှူတာဖြစ်ပြီး၊ တရုတ်နိုင်ငံက စလိုက်တာပါ။ စတီထွင်သူ တရုတ်နိုင်ငံသား ဆေးဝါးဗေဒပညာရှင်အနေနဲ့ သူ့ဖခင် ဆေးလိပ်သောက်ပြီး အဆုပ်ကင်ဆာကြောင့် သေဆုံးခဲ့ရတာအတွက် ဆေးလိပ်မီးခိုးအထွက်နည်းအောင်လုပ်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးလိပ်ကုမ္ပဏီတွေက ဆေးလိပ်ဖြတ်လိုသူတွေအတွက် အသုံးဝင်တယ်ဆိုကာ နိုင်ငံတကာမှာပါ ဖြန့်လာပြီး၊ ဆေးလိပ်ဖြတ်လိုတဲ့ လူကြီးတွေရော၊ စတိုင်သစ်ကြိုက်တဲ့ လူငယ်တွေပါ အသုံးများ စွဲလာခဲ့တာပါ။ ဆေးလိပ်ကုမ္ပဏီတွေကိုယ်တိုင် ဒါက ဆေးလိပ်သောက်တာ (Smoking) မဟုတ်ဘဲ၊ ဒီအငွေ့ (Vapor) ကိုသာရှူတာမို့ Vaping လို့ နာမည်ပေးခဲ့တာပါ။

ဒီ Vaping ဆေးလိပ်ငွေ့ရှှူတဲ့ E-စီးကရက်မှာလည်း အဓိက ၃ မျိုးရှိပါတယ်။ တစ်ခုက ဆေးရွက်ကြီးကထုတ်တဲ့ နီကိုတင်းအရည်နဲ့ အနံ၊အရသာအရည်မျိုးစုံပါတဲ့ ရှုစရာပါ။ ဒီအနံအရသာ (Flavor) တွေထဲမှာ ချော့ကလက်၊ ပန်းသီး၊ သစ်ခွသီး၊ စတော်ဘယ်ရီစတဲ့ အနံ့အရသာတွေကို လူငယ်တွေကို ဆွဲဆောင်နိုင်အောင် ထည့်ထားပါတယ်။ နောက်တစ်မျိုးကတော့ ဆေးရွက်ကြီး မပါဘဲ၊ ဒီအနံ့အရသာတွေပဲ ထည့်ထားတာဖြစ်ပေမဲ့၊ တချို့က ဆေးရွက်ကြီးအစား၊ ဆေးခြောက်ထည့်ပြီး သုံးတတ်ကြပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ အနံ့အရသာမပါဘဲ၊ ဆေးရွက်ကြီး အပိုင်းအစသေးသေးလေးတွေကို၊ အပူပေးဖို့ E-ကာဘွန်နဲ့ စုထည့်ထားတာ (Heated Tobacco Product) ပါ။

ဗြိတိန်နိုင်ငံ Newcastle-under-Lyme မြို့မှာ vape သောက်သုံးနေတဲ့ လူတဦး
ဗြိတိန်နိုင်ငံ Newcastle-under-Lyme မြို့မှာ vape သောက်သုံးနေတဲ့ လူတဦး

ဒီဆေးလိပ်ငွေ့ရှူတာက ဆေးလိပ်သောက်တာလောက် မီးခိုးငွေ့တွေအများကြီး အပြင်ထွက်မလာပေမယ့် အနည်းနဲ့အများတော့ အန္တရာယ်ရှိပါတယ်။ ဒီဆေးလိပ်ငွေ့ရှူတာရဲ့အငွေ့က တခါတလေ မြင်ရပြီး တခါတလေ မမြင်ရပေမယ့် အနည်းနဲ့အများတော့ ထွက်ပါတယ်။ ဒီမီးခိုးအငွေ့က ဆေးလိပ်ငွေ့ရှူသူရဲ့ အာခေါင်ထဲတိုက်ရိုက်ဝင်ပြီး အဆုပ်ထဲကို အသက်ရှုလမ်းကြောင်းကနေ အများကြီး ရောက်သွားတာပါ။ ဒါကြောင့် ဒီဆေးလိပ်ငွေ့ရှှူတာကလည်း ဆေးလိပ်သောက်တာနဲ့ အတူတူပါပဲလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နောက်ပိုင်းမှာ ထုတ်ပြန်ပေးလာရပါတယ်။ ဆေးလိပ်ကုမ္ပဏီတွေကတော့ ဒီဆေးလိပ်ငွေ့ရှူတာက အန္တရာယ်နည်းတယ်လို့စပြောခဲ့ပေမဲ၊ အနည်းနဲ့အများ အန္တရာယ်ရှိတာကို နောက်ပိုင်း သုတေသနတွေ့ရှိလာနေပါတယ်။

ဒီအကြောင်း Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ကိုဝင်းမင်းက မေးထားပါတယ်။

Vaping (ခေါ်) ဆေးလိပ်ငွေ့ရှူခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG