သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Emirates လေကြောင်းလိုင်း ရပ်နားမယ့် အစီအစဉ် ရွှေ့ဆိုင်း


ချီကာဂိုလေဆိပ်တွင် ရပ်နားထားသည့် Emirates လေကြောင်းလိုင်း လေယာဉ်တစီး။ (ဇူလိုင် ၁၉၊ ၂၀၁၆)
ချီကာဂိုလေဆိပ်တွင် ရပ်နားထားသည့် Emirates လေကြောင်းလိုင်း လေယာဉ်တစီး။ (ဇူလိုင် ၁၉၊ ၂၀၁၆)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် အာရပ်စော်ဘွားများနိုင်ငံ (UAE) ပိုင် Emirates လေကြောင်းလိုင်း ပြေးဆွဲမှုတွေကို မတ်လ ၂၅ ရက်နေ့ကစလို့ ရပ်ဆိုင်းသွားဖို့ အရင်က စဉ်းစားထားပေမယ့် အဲဒီဆုံးဖြတ်ချက်ကို နောက်ပြန်ဆုတ်ဖို့ Emirates လေကြောင်းလိုင်းက တနင်္ဂနွေနေ့မှာ ဆုံးဖြတ် ကြေညာလိုက်ပါတယ်။

အခုလိုဆုံးဖြတ်တာဟာ နေရပ်ပြန်မယ့် ခရီးသည်တွေကို အကူအညီပေးဖို့ဆိုတဲ့ UAE အစိုးရနဲ့ ခရီးသည်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Emirates လေယာဉ်လိုင်းဟာ အမြဲတမ်း ပြေးဆွဲပေးနေကျ လေဆိပ် ၁၅၉ ခုစလုံးကို ပြေးဆွဲနိုင်မှာမဟုတ်ဘဲ လေဆိပ် ၁၃ ခုကိုသာ ခရီးသည်လေယာဉ်တွေ ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၅ ရက်မှာ Emirates လိုင်းရဲ့ ခရီးသည်တင် လေယာဉ်ခရီးစဉ် အားလုံးကို ယာယီရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ပြင်ဆင်ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)






XS
SM
MD
LG