အသက် ၅ နှစ်အောက် ကလေးငယ်တွေကို TV ဖွင့်ပြထားတာ၊ ဖုန်းပေးသုံးထားတာမျိုးလို Screen time ကိုအချိန်အကြာကြီး ခွင့်မပြုသင့်ဘူးလို့ စင်္ကာပူသုတေသီတွေရဲ့ နောက်ဆုံးလေ့လာမှု တခုကထပ်ပြီး အကြံပြုပါတယ်။ ကျောင်းမနေခင်အရွယ် ကလေးငယ်တွေ တနေ့တနေ့ Screen တွေကို အကြာကြီး ကြည့်နေရင် သူတို့ရဲ့ အပြုအမူပိုင်းမှာ သက်ရောက်မှုရှိတယ်ဆိုတာ တေ့ွရှိခဲ့ကြတာပါ။ Screen time နဲ့ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှု ဘယ်လို ဆက်စပ်နေသလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။