အိမ်သုံးပစ္စည်းတွေရှိတဲ့နေရာကို ကိုယ်တိုင်ထသွားစရာမလိုဘဲ အဲဒီပစ္စည်းတွေနဲ့ ကြိုးမဲ့ဆက်သွယ် ချိတ်စက်ထားတဲ့ Smart home စက်တွေကို စကားပြောအမိန့်ပေးပြီး ခိုင်းလို့ရနေပါပြီ။ လက်ရှိလူသုံးများနေတဲ့ Smart home စက်တွေကို Amazon၊ Google နဲ့ Apple ကုမ္ပဏီတို့က ထုတ်လုပ်နေကြပါတယ်။ ဒါကြောင့် ဒီနည်းပညာလုပ်ငန်းကြီး ၃ ခုပေါင်းပြီး Smart home စက်တွေနဲ့ Smart အိမ်သုံးပစ္စည်းတွေကြား ချိတ်ဆက်နိုင်မယ့် ကြိုးမဲ့ဆက်သွယ်ရေးစနစ်စံတခုကို သတ်မှတ်ကြတော့မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ထဲ ထူးခြားတဲ့နည်းပညာသစ်အနေနဲ့ ထွက်လာမယ့် Smart ကြိုးမဲ့ဆက်သွယ်ရေး စနစ်သစ်အကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာရှင်းပြထားပါတယ်။
Unicode: