စက်ရုပ်မျိုးစုံကို တီထွင်နေကြတဲ့ ခေတ်မှာ လူတွေနဲ့အပြိုင်စကားရည်လုနိုင်မယ့် စက်ရုပ်ကိုလည်း တီထွင်နေကြပါတယ်။ AI ဉာဏ်ရည်တု နည်းပညာသုံးပြီး ခက်ခဲနက်နဲတဲ့အကြောင်းအရာတွေကို လူတွေနဲ့အပြိုင် အခြေအတင် ဆွေးနွေးနိုင်ဖို့ IBM ကုမ္ပဏီက Project Debater ဆိုတဲ့ စကားရည်လုစက်ကို တီထွင်နေတာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ စကားရည်လုစက်ကို တီထွင်နေသလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။