ကိုယ်သွားလေရာသယ်သွား နားဆင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသီချင်းစက်ဖြစ်တဲ့ Sony ကုမ္ပဏီထုတ် Walkman ပေါ်တာ အနှစ် ၄၀ ပြည့်သွားပါပြီ။ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေမှာ သိပ်ကိုလူသုံးများ ကျော်ကြားခဲ့တဲ့ Walkman စက်တွေ ကမ္ဘာတဝန်းမှာ သန်း ၄၀၀ ထက်မနည်း ရောင်းချခဲ့ရပါတယ်။ လူတွေသီချင်းနားထောင်တဲ့ပုံစံကို ပြောင်းလဲေစေခဲ့တဲ့ Walkman သီချင်းစက်တွေအကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။