စမတ်ဖုန်းဈေးကွက်မှာ နံပါတ် ၁ နေရာယူထားတဲ့ Samsung ကုမ္ပဏီက Galaxy Fold ဆိုတဲ့ စာအုပ်လိုအဖွင့်အပိတ်လုပ် သုံးနိုင်မယ့်ဖုန်းကို ဈေးကွက်တင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ စမတ်ဖုန်းလောကမှာ ပထမဆုံးရောင်းမယ့် ခေါက်ဖုန်းရဲ့ဈေးက တလုံးကိုဒေါ်လာ ၂ ထောင်နီးပါးနဲ့ ရောင်းမှာမို့ အေးနေတဲ့ ဖုန်းဈေးကွက်ကို ဘယ်လောက် လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် လုပ်နိုင်မှာပါလဲ။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ သုံးသပ်တင်ပြထားပါတယ်။