လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ အတွင်း တေးသံသွင်းလုပ်ငန်းမှာ သီချင်း ဂီတသံတွေကို သွင်းတဲ့ပုံစံတွေအမျိုးမျိုးပြောင်းလဲလာခဲ့ပါတယ်။ ဓါတ်ပြားတွေကနေ Live Streaming အထိ အဆင့်ဆင့်ပြောင်းလဲလာခဲ့တာမှာ အခုဆိုရင် ကက်ဆက်ခွေနဲ့အသံသွင်းတာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၇၀ ထဲက စပေါ်နေတဲ့ အမည်းရောင်ဓါတ်ပြားဝိုင်းကြီးတွေကတော့ အခုခေတ်မှာ ပြန်ပြီး ခေတ်စားနေပါတယ်။ ဘာကြောင့်လဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။