Zawgyi:
မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူအများထောက်ခံတဲ့ CRPH အစိုးရကို တရားဝင်အသိအမှတ်ပြုဖို့ပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြန်မာပြည်သူတွေ ပြန်လည်ခံစားနိုင်ရေး Australia နိုင်ငံက တွန်းတွန်းတိုက်တိုက်လုပ်ဖို့ Australia ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိုးစားနေကြပါတယ်။ အာဏာရအစိုးရပါတီ လွှတ်တော်အမတ်တွေအပါအဝင် Australia လွှတ်တော်အမတ်တွေနဲ့ တေ့ွဆုံပြီး မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။