သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မျက်ရတနာပြပွဲနဲ့ အနာဂတ် ရောင်းချမည့်အလားအလာ


နေပြည်တော် ကျောက်မျက်ရတနာပြပွဲတွင် ကုန်သည်တွေ ကြည့်ရှုနေကြစဉ်။
နေပြည်တော် ကျောက်မျက်ရတနာပြပွဲတွင် ကုန်သည်တွေ ကြည့်ရှုနေကြစဉ်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြီးခဲ့တဲ့ လပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီ ဆိုပေမယ့်လည်း လက်ရှိ ကျင်းပနေတဲ့ မြန်မာ့ ကျောက်မျက်ရတနာပြပွဲမှာ နိုင်ငံခြားက လာပြီး ဝယ်ယူကြသူတွေ သိသိသာသာ တိုးများလာမျိုး မရှိဘူးလို့ မြန်မာ့ ကျောက်မျက်ရတနာ အသင်းရဲ့ အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောပါတယ်။ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်းအနေနဲ့တော့ ကျောက်အရိုင်းတုန်းတွေချည်းပဲ အရင်လို ရောင်းချနေမယ့်အစား အချောထည်အဖြစ် ရောင်းချနိုင်အောင် သင်တန်းကျောင်းတွေ ဖွင့်လှစ် လုပ်ဆောင်နေပြီလို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ စတင် ကျင်းပနေတဲ့ ကျောက်မျက်ရတနာပြပွဲအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်းက တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG