ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ပြည်သူလူထု တိုင်းကြားစာတွေအပေါ် သက်ဆိုင်ရာက ကိုင်တွယ်အရေးယူနိုင်အောင် ဆက်သွယ်အကြံပေးတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးအပါအဝင် လူ့အခွင့်အရေးမြှင့်တင်ရေးကိစ္စတွေကို အထိုက်အလျောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ က ပြောဆိုပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ အနေအထားနဲ့ လုပ်ထုံလုပ်နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်းမှုမရှိကြသေးတာနဲ့ ခေတ်နဲ့အညီ လွတ်လပ်စွာဆောင်ရွက်နိုင်အောင် ကြိုးစားနေရတဲ့ စိမ်ခေါ်မှုတွေနဲ့တော့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဗွီအိုအေအကြီးတန်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဦးဝင်းမြ ကို ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခဲ့တာ (၁) နှစ်နဲ့ (၇) လလောက် ရှိခဲ့ပါပြီ။ ဒီ ဖွဲ့စည်းခဲ့ပြီးတဲ့အချိန်ကစလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခဲ့ပါပြီလဲရှင့်။
ဦးဝင်းမြ ။ ။ ကျနော်တို့ကို သတ်မှတ်ပေးထားတဲ့ လုပ်ပိုင်ခွင့် mandate ဖြစ်တဲ့ လူ့အခွင့်အရေး မြှင့်တင်ပေးဖို့နဲ့ ကာကွယ်ပေးဖို့ကဏ္ဍမှာတော့ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တဲ့အခါမှာ တိုးတက်မှုတွေ တစုံတခုသော အတိုင်းအတာအထိ ရတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ Protection ကာကွယ်ပေးမှုဟာ ကျနော်တို့ရဲ့ လုပ်ငန်းရဲ့ အရေးကြီးတဲ့ကဏ္ဍတရပ် ဖြစ်ပါတယ်။ ကာကွယ်ပေးမှုကို ဘယ်လို ကျနော်တို့ ဆောင်ရွက်ပေးသလဲဆိုတဲ့အခါမှာ complaint mechanism တိုင်းကြားစာများ စီစစ်ရေး လုပ်ထုံလုပ်နည်းတရပ်ဆိုပြီး ကော်မရှင်က ချမှတ်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါကြတော့ ဒီနိုင်ငံမှာ ပထမဆုံးစပြီးတော့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်းကြားခွင့်ရတယ်ဆိုတဲ့အခါမှာ ပြည်သူလူထုက အများကြီးစိတ်ပါဝင်စားခဲ့တဲ့ အတွက်ကြောင့်မို့ ပထမ ကျနော်တို့ စတင်ပြီးဖွဲ့စည်းဆောင်ရွက်တဲ့ (၃) လအတွင်းမှာပဲ တိုင်းကြားစာပေါင်း (၃၀၀၀) ကျော် ရရှိခဲ့တဲ့အနေအထားမျိုး တွေ့ရှိရပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာဆို တိုင်းကြားစာပေါင်း (၂၈၆၆) ခု ရရှိခဲ့ပါတယ်။ ဒါဟာ တနည်းအားဖြင့် ပြောလို့ရှိရင် ပြည်သူလူထုကနေ သူတို့အခွင့်အရေးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မယ်ဆိုလို့ရှိရင် တိုင်းကြားလို့ရတယ်ဆိုတဲ့ ယဉ်ကျေးမှုတရပ် culture တရပ်ကတော့ စပြီးတော့ ထူးထောင်လိုက်နိုင်ပြီလို့ ပြောလို့ရပါတယ်။ ဒါကို အောင်မြင်မှုတရပ်လို့ ပြောလို့ရပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အခုအချိန်အထိ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ကျေနပ်အားရမှု ရှိပါသလားရှင့်။
ဦးဝင်းမြ ။ ။ ကျနော်တို့ လုပ်ထုံလုပ်နည်းကတော့ အကြံပေးတဲ့သဘောပဲ ရှိပါတယ်။ cultural respect for human rights ဒါကို human rights ချိုးဖောက်တာမျိုး ရှိလို့ရှိရင်တော့ တိုင်းကြားလို့ရပြီဆိုတဲ့ အသိစိတ်ကတော့ ပြည်သူလူထုကြားထဲကို ရောက်ရှိသွားပါပြီလို့ ပြောကြားလို့ရပါတယ်။ ဒါပေမဲ့ ဒီတိုင်းကြားမှုတွေနဲ့ ပတ်သက်ပြီးတဲ့အခါမှာ ထိရောက်တဲ့အဖြေတွေ ရရှိဖို့ကိုတော့ ကျနော်တို့ အများကြီးဆက်လက်ပြီး ကြိုးစားဖို့ လိုသေးတယ်လို့ ပြောကြားလိုပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လာလို့ရှိရင် နိုင်ငံတကာက အမြဲတမ်းဝေဖန်လေ့ ရှိတာက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဆိုတာ အမြဲတမ်းပါပဲ။ တကမ္ဘာလုံးကလည်း ဝိုင်းပြီးတိုက်တွန်းနေတာတွေ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဘာတွေများ ဆောင်ရွက်ပေးခဲ့တာ ရှိပါသလဲရှင်။
ဦးဝင်းမြ ။ ။ ဒီမိုကရေစီ စတင်ပြုပြင်ပြောင်းလဲရေးဆိုပြီးတော့ စတင်ပြုလုပ်တဲ့အခါမှာ နိုင်ငံတကာရဲ့ အာရုံဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အများကြီးရောက်ရှိနေတာမျိုးကို တွေ့ရတယ်။ ဒီပြဿနာကို မြင်ပြီးတဲ့အခါမှာ နည်းနည်းပြေလည်အောင် ဖြေရှင်းပေးမှသာလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလည်း အများကြီး အထောက်အကူဖြစ်မယ်လို့ ကျနော်တို့က ယုံကြည်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ကော်မရှင်အတွင်းမှာ ဒါကို ဆွေးနွေးကြတယ်။ ဆွေးနွေးကြပြီးတဲ့အခါကြတော့ နိုင်ငံရေးအကျဉ်းသား ကျနော်တို့က စပြီးသုံးတာ Prisoner of conscience စပြီးသုံးပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ကို ဒီမိုကရေစီပြောင်းလဲမှုကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားပေးဖို့ ဆိုပြီးတဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးဆီကို အိတ်ဖွင့်စာအနေနဲ့ ရေးသားတင်ပြပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အရေးကြီးဆုံးလို့ ကျနော်တို့ သတ်မှတ်တဲ့ရက်ကတော့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ ဖြစ်ပါတယ်။
အဲဒီနေ့မှာ အကျဉ်းသားပေါင်း ၆၅၁ ယောက် လွှတ်လိုက်တဲ့အထဲမှာ ကြည့်လိုက်ရင် နိုင်ငံရေးအကျဉ်းသားလို့ ဆိုနိုင်တဲ့ category က အကျဉ်းသားအများကြီး ပါလာပါတယ်။ တနည်းအားဖြင့် ပြောလို့ရှိရင်တော့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်လို့လည်း စုံစမ်းပြီးတော့ ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကို သိမယ်လို့ ထင်ပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူးကလည်း အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်နေပြီဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ စိမ်ခေါ်အကဲစမ်းမှုတွေလည်း ရှိမှာပေါ့။ ဘယ်လို စိမ်ခေါ်အကဲစမ်းမှုတွေကို အဓိက ရင်ဆိုင်နေရပါလဲရှင်။
ဦးဝင်းမြ ။ ။ ခေတ်ရဲ့ လိုအပ်မှုနဲ့အညီ ပြောင်းလဲဆောင်ရွက်သွားဖို့ဆိုတာ စိမ်ခေါ်မှုတရပ် အဓိကတရပ်လို့ မြင်ပါတယ်။ ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ဒီမိုကရေစီပြောင်းလဲမှုနဲ့ ကိုက်ညီတဲ့၊ လိုအပ်တဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေကို ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်။ အောင်မြင်တဲ့နေရာလေးတွေလည်း ရှိတယ်။ တချို့ အခက်အခဲရှိတဲ့ နေရာလေးတွေလည်း ရှိပါတယ်။ ဥပမာ ဘာကြောင့်လဲဆိုတဲ့အခါမှာ ကျနော်တို့ ဒီလို ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍကနေ ပီပီပြင်ပြင် နားလည်းမှုဟာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လိုအပ်သေးတယ်လို့ ယူဆပါတယ်။
တချို့ကလည်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆိုတာ အန်ဂျီအို တခုလိုပဲ မြင်သေးတယ်။ ကျနော်တို့ကတော့ အမှန်တော့ အန်ဂျီအို မဟုတ်ဘူး။ သူ့ရဲ့ definition ကိုယ်တိုင်က human rights commission တခုဆိုတာဟာ အစိုးရက ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ပါလီမန်ကနေ ဥပဒေတရပ် ပြဌာန်းပြီးတော့ ဖွဲ့စည်းပေးရမယ့် အဖွဲ့အစည်းတရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့ ရန်ပုံငွေ funding ကို လုံလုံလောက်လောက် အစိုးရကပဲ ပံ့ပိုးထောက်ပံ့ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။
ဦးဝင်းမြ ။ ။ လွတ်လွတ်လပ်လပ် လုပ်ရမယ်လို့လည်း ပြောတယ်။ အစိုးရဆီကလည်း ငွေကြေးထောက်ပံ့မှုကို ယူနေတယ်ဆိုလို့ရှိရင် ဘယ်လိုလို့ လွတ်လပ်နိုင်တော့မလဲ။ အစိုးရရဲ့ သြဇာလွှမ်းမိုးမှု ုဖြစ်လာမှာပေါ့လို့ အဲဒီလို တွေးကောင်းတွေးနိုင်တယ်ဆိုပေမယ့် ဒီ လူ့အခွင့်အရေးကော်မရှင်တွေ လုပ်တဲ့ အလေ့အထကိုယ်တိုင်ကိုယ်က ငွေက အစိုးရဆီက မလာဘူးဆိုလို့ရှိရင် အပြင်ကယူတဲ့အခါကြရင် အပြင်ရဲ့ လွှမ်းမိုးမှုက ပိုများသွားမှာပေါ့။ အဲဒီတော့ ဒီအပိုင်းမှာ နားလည်းဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လူ့အခွင့်အရေးကော်မရှင်ကို ထူထောင်တယ်ဆိုတာ state ကပဲ လုပ်ရမှာ။ အစိုးရကနေ ငွေကြေးပံ့ပိုးပေးရမယ်။ သူ့မှာ commitment ရှိရမယ်ဆိုတာ အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ Commitment မရှိဘဲနဲ့ ဒီ ကော်မရှင်ကို ထူထောင်လို့မရဘူး။ ဒါဆို ဟန်ပြလို့ပဲ ဖြစ်နေတော့မယ်။
ဒါကို အများကြီး ဝေဖန်သုံးသပ်မှုတွေ ရှိတာပေါ့။ ဟန်လေနဲ့ ဖွဲ့ထားတယ်။ ဖိအားပေးမှုကနေ လျော့နည်းအောင် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒါက ဘာမှ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ် မဟုတ်ဘူးဆိုတဲ့ ဝေဖန်တာမျိုးတွေ ရှိလာနိုင်တဲ့ အနေအထားရှိတယ်။ နိုင်ငံတော်မှာ commitment က ရှိနေရမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စနစ်ကို ထူထောင်တဲ့အခါမှာ လူ့အခွင့်အရေးနဲ့ ဒွန်းတွဲနေတယ်။ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးကို ပေးရမယ်ဆိုတဲ့ commitment ရှိနေမယ်ဆိုရင် ဒီငွေကြေး၊ ထောက်ပံ့ကြေးကို လုံလုံလောက်လောက် သူကပေးရမယ်။ ဒါပေမဲ့လို့ သူဘက်ကလည်း သိရမယ်ဆိုတာက လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးရမယ်။ ဝင်မရှုပ်ရဘူး။ ဒီ ကော်မရှင်ကလည်း အစိုးရဆီက ငွေကိုယူမယ်။ လုံလုံလောက်လောက် ပေးရမယ် adequate funding လုံလောက်တဲ့ ထောက်ပံ့ကြေးကို ပေးရမယ်ဆိုတာမျိုးရှိတယ်။ လုပ်တဲ့အခါမှာတော့ ထူးခြားချက်ကလေးကတော့ လွတ်လွတ်လပ်လပ် တွေးခေါ်လုပ်ပိုင်ခွင့် ရှိရမယ်။
ဒေါ်ခင်စိုးဝင်း ။ ။ လွတ်လပ်တဲ့ အမျိုးသားကော်မရှင်အနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာက ဘယ်လောက်အထိ ပါဝင်ပါသလဲရှင်။
ဦးဝင်းမြ ။ ။ အစိုးရနဲ့ ဆက်ဆံတဲ့အပိုင်းမှာတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားပျိုထောင်ဖို့ လိုသေးတယ်။ ကျနော်က နိုင်ငံခြားရေးဝန်ထမ်းဟောင်းဖြစ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်တာတော့ အိုကေ နေတယ်။ အကျဉ်းသားတွေ လွှတ်မယ့်ကိစ္စမှာဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတော့ သူတို့နဲ့လည်း ဆက်သွယ်ဆောင်ရွက်တဲ့ဟာလေးတွေကတော့ တစုံတခု အတိုင်းအတာရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။ ကျနော်တို့ တကယ်ဆက်သွယ်နေရတာတော့ တိုင်စာတွေကို ဆောင်ရွက်တဲ့အခါမှာ အစိုးရအဖွဲ့ရုံးကနေတဆင့်ပဲ ဝန်ကြီးဌာနတွေကို ဆက်သွယ်ဆောင်ရွက်တဲ့ လုပ်ထုံလုပ်နည်း ပြဌာန်းထားတာ ဖြစ်တဲ့အတွက်ကြောင့် တိုက်ရိုက်ဆက်သွယ်တဲ့ ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုပြီးအားကောင်းအောင် ဆက်လက်ပြီးကြိုးစားဖို့တော့ လိုသေးတယ်။ ပါလီမန်နဲ့လည်း ကျနော်တို့ ဆက်သွယ်မှုဆိုတာ အများကြီးလိုပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ လူ့အခွင့်အရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ အဲဒီ ဥပဒေ ပေါ်ပေါက်ရေးအတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဘယ်လိုများ initiative တွေနဲ့ ဦးစီးဦးဆောင်ပြုပြီး ဆောင်ရွက်နေတာ ရှိပါသလဲရှင့်။
ဦးဝင်းမြ ။ ။ နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော်အကြီးအကဲတို့က လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပေးတယ်ဆိုတာ လုံးဝမှားတယ်လို့တော့ မဟုတ်ပါဘူး။ အခြေအနေတရပ်မှာ အကောင်းဆုံးဖြစ်အောင် သူတို့ ဆောင်ရွက်ပေးခဲ့တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကျနော်အစောက ဆွေးနွေးတင်ပြခဲ့သလို ပါလီမန်ကနေ ဥပဒေတရပ် ပြဌာန်းပြီးတဲ့အခါမှာ ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ ပါလီမန်က ပြဌာန်းထားတယ်ဆိုတော့ ခိုင်မာတာပေါ့။ ဒါကြောင့် ကျနေုာ်တို့က အခုအချိန်မှာ human rights law ကို ကျနော်တို့ ကော်မရှင်အနေနဲ့ စတင်ပြီးတဲ့အခါမှာ ရေးဆွဲခဲ့တယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း သူသိရှိနားလည်းလာတယ်။ ကော်မရှင်ကို သူစတင်ဖွဲ့စည်းပေးလိုက်ပေးမယ့်လို့ တကယ် လုပ်ထုံလုပ်နည်းအရကတော့ ပါလီမန်ကတဆင့် ပြဌာန်းဆောင်ရွက်မှ ကောင်းလိမ့်မယ်လို့ မြင်တဲ့အတွက်ကြောင့် ကျနော်တို့ကို အကြံပြုခဲ့တယ်။
အဲဒီတော့ ကျနော်တို့ ၂၀၁၂ ခု ဧပြီ မေ လောက်ကစပြီး ကျနော်တို့ ကော်မရှင်မှာ စပြီးတော့ ရေးဆွဲခဲ့ပါတယ်။ အဲဒီလို ရေးဆွဲနေတဲ့အချိန်မှာ ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဖြစ်တဲ့ Asia Pacific Forum နောက်တခါ Sweden နိုင်ငံမှာရှိတဲ့ Raoul Wallenberg Institute (RWI) အဖွဲ့အစည်း၊ ကုလသမဂ္ဂက မဟာမင်းကြီးရုံး - ဘန်ကောက်မှာရှိတဲ့ ဒေသဆိုင်ရာရုံး။ သူတို့က လာပြီးတော့ အကူအညီပေးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းလာပါတယ်။ သူတို့ အကြံပေးချင်တာ။ ဥပဒေတရပ်ကို ရေးဆွဲတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့အကောင်းဆုံး ဥပဒေဖြစ်ဖို့ကို အကြံပေးလာတယ်။ ကျနော်တို့ကလည်း သူတို့အကြံပေးတဲ့အခါမှာ ဒါကိုလက်ခံတယ်။
ကိုယ့်ဘာသာကိုယ် ရေးဆွဲထားတာကို သူတို့အကြံပေးချက်တွေနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ ညှိနှိုင်းပြီးတော့ နိုင်ငံတော်အပိုင်းမှာလည်း သက်ဆိုင်ရာ ဥပဒေပညာရှင်တွေများ။ နိုင်ငံတော်သမ္မတကြီး ဥပဒေအကြံပေး ပုဂ္ဂိုလ်များ Judicial နောက်တခါ ပြည်ထဲရေး၊ finance စသည်ဖြင့် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ အခုအချိန်ဆိုရင် (၃) ကြိမ်လောက် ညှိနှိုင်းဆွေးနွေးပြီးပါပြီ။ နောက်ဆုံးတကြိမ်ဆိုရင် ပြီးခဲ့တဲ့ လလောက်ကပဲ အစောကပြောတဲ့ နိုင်ငံတကာအဖွဲ့အစည်း (၃) ရပ်က ဥပဒေပညာရှင်တွေရယ်၊ အစိုးရပိုင်းက သက်ဆိုင်ရာဌာနက ဥပဒေပညာရှင်တွေ တွေ့ပြီးတဲ့အခါမှာ ပြန်ညှိနှိုင်းပြီးတော့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်။ ဒီလို ညှိနှိုင်းတဲ့အခါမှာ ကျနော်တို့က civil society ကိုလည်းတကြိမ် ကျနော်တို့ရုံးကို ဖိတ်ခေါ်ပြီးတဲ့အခါမှာ ကျနော်တို့ ဆောင်ရွက်နေတဲ့ မူကြမ်းထဲမှာပါတဲ့ provisions တွေကို တင်ပြပြီးတဲ့အခါမှာ သူတို့အကြံဉာဉ်များလည်း တောင်းဆိုခဲ့ပါတယ်။ ဒီလို ညှိနှိုင်းနေတာ အခုဆိုရင် final stage လောက်မှာ ရောက်နေပါပြီဆိုတဲ့အကြောင်းကို ပြောကြားလိုပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒီအရပ်ထဲမှာ သာမန်လူတွေရဲ့အမြင်မှာတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် က နိုင်ငံခြားရေးဝန်ထမ်းဟောင်းတွေ၊ သံအမတ်ကြီးဟောင်းတွေ။ နောက်ပြီးတော့ အစိုးရဝန်ထမ်းဟောင်းတွေ ဖွဲ့စည်းထားတယ်အခါကြတော့ တောက်လျှောက်လုံး အနှစ် (၂၀) (၃၀) လောက် အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ခဲ့ရတာပါ။ နိုင်ငံတကာအလယ်မှာ။ အဲဒီအခါကြတော့ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရမယ့် ကော်မရှင်ဖြစ်လာပါပြီ။ အဲဒီ အနေအထားမှာ သံအမတ်ကြီးရဲ့ ကိုယ်ပိုင်အမြင်ကလေးကို သိပါရစေရှင့်။
ဦးဝင်းမြ ။ ။ ကျနော်တို့အနေနဲ့က အစက ဝန်ထမ်းဟောင်းတွေဆိုတော့ ဝန်ထမ်းဟောင်းတွေ ဖြစ်တယ်ဆိုပေမယ့် ကော်မရှင်မှာ ခန့်အပ်လိုက်တဲ့အခါမှာတော့ ကျနော်တို့ရဲ့ mindset ကိုတော့ လွတ်လွတ်လပ်လပ်နဲ့ပဲ တွေးခေါ်ဆောင်ရွက်မယ်ဆိုတဲ့ ပြောင်းလဲမှုမျိုးကိုတော့ လုပ်ဖို့တော့ လိုပါတယ်။ ဒါက အစောက ကျနော်တင်ပြသလို ကျနော်အမြင်မှာ အကြီးမာဆုံး စိမ်ခေါ်မှုကြီး။ တနေ့တနေ့ ကျနော်တို့ လာတဲ့အခါမှာ ဒီနေ့ လွတ်လွတ်လပ်လပ်လုပ်မယ်။ ဘယ်လောက်အတိုင်းအတာအထိ လုပ်မယ်ဆိုတဲ့ဟာ challenge တခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့ ရလာဒ်တွေကို ကြည့်လိုက်မယ်ဆိုရင် တိုင်စာတွေ ဆောင်ရွက်ပေးနေတဲ့ အနေအထား၊ အကျဉ်းသားတွေကိစ္စ နေ့တိုင်းဆောင်ရွက်နေတဲ့ကိစ္စ။ ဒါတင်မကသေးဘူး ကျနော်တို့ ကွင်းဆင်းပြီးတော့ စုံစမ်းလေ့လာရေးအရ ကြေညာချက်ကလေးတွေ ထုတ်ပြန်ဆောင်ရွက်နေတဲ့ကိစ္စကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ လွတ်လွတ်လပ်လပ်လေးတော့ ဆောင်ရွက်နေနိုင်ပြီလို့ ပြောလို့ရပါတယ်။
နောက်တခါ ရေပန်းစားနေတာ Business and Human Rights မြန်မာနိုင်ငံမှာ အခုအချိန်မှာ investment ကို ဖွင့်ပေးနေပြီ။ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်နေတဲ့အခါမှာ တဖက်မှာလည်း ကောင်းတယ်။ တဖက်မှာလည်း Business and Human Rights ဆိုတဲ့ ပြဿနာလေးက ပေါ်လာတာပေါ့။ တနည်းအားဖြင့် business လာလုပ်ကြပါ။ ဒါပေမဲ့ လာလုပ်တဲ့အချိန်မှာပဲ ကျနော်တို့ အလုပ်သမားတွေ၊ လယ်သမားတွေရဲ့ လူ့အခွင့်အရေးကိုလည်း မထိခိုက်အောင် ကာကွယ်ပေးဖို့ဆိုတာ အရေးကြီးလာတယ်။ တနည်းအားဖြင့်ပြောရရင် လက်ပံတောင်းတောင် ကိစ္စဆိုတာ ဒီအထဲမှာ တခုပါတာပေါ့။ တခြားအလားတူဖြစ်နေတဲ့ကိစ္စလေးတွေ ရှိပါတယ်။ Business တော့ လုပ်ရမယ်။ ကျနော်တို့က ဖွံ့ဖြိုးစဲနိုင်ငံဖြစ်တဲ့အတွက်ကြောင့် တိုးတက်ဖို့ development အတွက် business က ရှိကိုရှိရမယ်။ နိုင်ငံခြား investment က လိုကိုလိုတယ်။ ဒါပေမဲ့ သူတို့ လာရောက်ကြတဲ့အခါမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်တုန်းမှာ ကျနော်တို့ သက်ဆိုင်ရာ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုတော့ ကာကွယ်ပေးဖို့ လိုတယ်ဆိုတဲ့ အသိအမြင် အများကြီးသိရှိလာပြီ ဖြစ်ပါတယ်။ ဒိန်မက်နိုင်ငံဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ သူတို့ center လေး တခုလာဖွင့်ပြီးတော့ ဒီကဏ္ဍမှာ အများကြီးကူညီ ဆောင်ရွက်ပေးချင်တယ်လို့ သိရပါတယ်။အများကြီး အကျိုးကျေးဇူး ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ် ဥက္ကဋ္ဌကြီး။