နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသူ ရှေ့နေကြီး ဦးကြည်ဝင်းဟာ တရားဥပဒေစိုးမိုးရေးပိုင်းနဲ့ပတ်သက်ပြီး သူနိုင်တဲ့ဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သားဖြစ်သူက ပြောပါ တယ်။ ဧပြီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီပတ်ဝန်းကျင် အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ပတ်သက်ပြီး အမှတ်တရတချို့ကို ပြောပြပေးဖို့ သားဖြစ်သူ ကိုရန်နိုင်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းတဲ့အခါ ကိုရန်နိုင်က အခုလိုစပြောပါတယ်။
“သူအမြဲတမ်းပြောတဲ့အထဲမှာ မှတ်မှတ်သားသား သူအမြဲတမ်းပြောနေတာတခုရှိတယ်။ ၁၉၆၂ ခုနှစ်ပေါ့နော်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ သူ့သူငယ်ချင်း တချို့ နိုင်ငံခြားကိုထွက်ကြတယ်။ အမေရိကားတို့ ဘာတို့ လာကြတယ်။ သူ့လည်းခေါ်တယ်။ သွားရအောင်ဆိုပြီးခေါ်တယ်။ အဲဒီမှာ သူက ဘာပြောလဲဆိုတော့။ သူမလိုက်ဘူးတဲ့။ သူက ဒီနိုင်ငံမှာ မွေးတယ်။ ဒီနိုင်ငံမှာကြီးတာဆိုတော့ သူ့အနေနဲ့ ဒီနိုင်ငံကို အလုပ်အကျွေးပြုရမယ်ဆိုပြီးတော့ အဲဒီလိုပြောပြီးတော့ နေခဲ့တယ်။
ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ တိုင်းပြည်မှာ ဘာသာကွဲတဦးဖြစ်ပေမဲ့လည်း တခြား မတူကွဲပြားတဲ့ လူမျိုး ဘာသာတွေအပေါ် ရှေ့နေကြီး ဦးကြည်ဝင်းရဲ့ ခံယူချက်တစိတ်တပိုင်းကိုလည်း သားဖြစ်သူ ကိုရန်နိုင် ပြန်ပြောပြတာကနေ သိနိုင်ပါတယ်။
“ကျနော့်အဖေက ပြောရရင် ကပြားပါ။ အင်္ဂလိပ်-ဗမာ ကပြားပါ။ ဒါပေမယ့် သူက ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးတဲ့အတွက် ဒီနိုင်ငံကို အလုပ်အကျွေးပြုရမယ်ဆိုတဲ့ စိတ်နဲ့အတူနေခဲ့တယ်ပေါ့လေ။ အခုချိန်ထိလည်း အဲဒီလိုပဲ သူနေသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကပြားတယောက်ဖြစ်လင့်ကစား။ မြန်မာနိုင်ငံဟာ သူ့မွေးတဲ့နိုင်ငံ၊ သူချစ်တဲ့နိုင်ငံဆိုပြီး ဒီနိုင်ငံအတွက် အကျိုးပြုဖို့ပဲဆိုပြီး တတ်နိုင်သလောက် အကျိုးပြုပြီးနေခဲ့တာကတော့ ကျနော့်အတွက် မှတ်မှတ်ရရပေါ့။ ဘာသာရေးအရဆိုရင်လည်း ခရစ်ယာန်တယောက်ဖြစ်ပေမယ့် သူက ဗုဒဘာသာပဲဖြစ်ဖြစ်၊ အခြားဘာသာပဲဖြစ်ဖြစ် လေးလေးစားစားရှိတယ်။ သံဃာတွေဆိုလည်း လက်အုပ်ချီတယ်။ ဘုရားဆိုလည်း လက်အုပ်ချီတယ်။ လူမျိုးရေးအရပဲဖြစ်ဖြစ်၊ ဘာသာရေးအရပဲဖြစ်ဖြစ် သူဟာ တော်တော်လည်း လိုက်လျောညီထွေအောင်နေထိုင်တယ်လို့ပြောရမှာပါ။ ဒါတွေက ဖခင်တယောက်အနေနဲ့ မှတ်မှတ်သားသားရှိတာပေါ့လေ။”
ဘဝတသက်တာလုံးနီးပါး ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်းခဲ့သူ ဦးကြည်ဝင်းရဲ့ ဥပဒေအကျိုးဆောင်ဘဝမှာ အထင်ရှားဆုံး လိုက်ပါဆောင်ရွက်ခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလိကရေးနဲ့ နိုင်ငံရေးဆိုင်ရာ အမှုကိစ္စရပ်တွေလို့ဆိုရင် မှားမယ် မထင်ပါဘူး။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ် အမွေမှုနဲ့ပတ်သက်ပြီးတော့ စပြီးတော့ လိုက်ဖြစ်တဲ့ကိစ္စကလည်း ကျနော်အတွက် တော်တော်လေးမှတ်မှတ်သားသားပဲ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျ ခံနေရတယ်။ အဲဒီအချိန်မှာ တဖက်ကနေပြီးတော့ တဖက်သတ်ဖြစ်ဖို့ဆိုပြီးလုပ်တယ်။ တရားရုံးကလည်း ဒါကို နို့တစ်စ်ပေးပြီးတော့ တဖက်သတ်စစ်သွားမယ်ဆိုပြီးတော့ လုပ်တယ်။ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့သူကို အိမ်ရှေ့မှာသွားပြီး နို့တစ်စ်ပေးတော့ ဘယ်လိုလုပ် သိပြီး ဘယ်လိုလုပ် ဒီဟာကို တရားရင်ဆိုင်နိုင်မလဲ။ အဲဒီအတွက် သူ့အနေနဲ့ ဥပဒေပိုင်းအရ သူတတ်နိုင်တဲ့ဘက်က သူကျိုးစားပြီးတော့ ကူညီခဲ့တယ်။ ဒါ မတရား ဘူးထင်လို့ပေါ့လေ။ သူ့အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကို သူတတ်နိုင်တဲ့ဘက်ကပေါ့ဗျာ ဘက်ပေါင်းစုံက တရားဥပဒေစိုးမိုးရေးအတွက် သူလုပ်ခဲ့တာပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နေအိမ် အမွေမှုရယ်၊ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့လည်း သူလိုက်ပါဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို ခိုးဝင်တဲ့ကိစ္စမှာ တဖက်ကနေပြီးတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတယ်ဆိုပြီးတော့ လုပ်တဲ့ကိစ္စကို သူ့အနေနဲ့ တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန်ဖြစ်နိုင်ဖို့ သူတတ်နိုင်တဲ့ ဥပဒေပညာနဲ့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။”
ကွယ်လွန်သူ ရှေ့နေကြီးဦးကြည်ဝင်းရဲ့ သားဖြစ်သူ ကိုရန်နိုင်ပါ။
ဦးကြည်ဝင်းရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို လာမယ့် ဧပြီလ ၂၉ ရက်နေ့ကျရင် ထိန်ပင် ခရစ်ယာန်သချို ၤင်းမှာ ဂူသွင်း သဂြိုၤလ် မှာဖြစ်ပါတယ်ခင်ဗျား။