သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အဆိုပြုတဲ့ ဝင်ငွေခွန်လျှော့ချရေးမှာ လူချမ်းသာတွေမပါ


နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် အာဏာရဒီမိုကရက်ပါတီနဲ့ ရီပတ်ဘလီကဲန် ပါတီတို့ အကြိတ် အနယ် မဲဆွယ် စည်းရုံးနေချိန်မှာ သမ္မတ အိုဘားမားက လူချမ်းသာတွေကို ဝင်ငွေခွန်လျှော့ပေးရေး သက်တမ်းတိုးမပေးတော့ဘဲ ဆင်းရဲတဲ့သူနဲ့ လူလတ်တန်းစားတွေကိုပဲ နောက်တနှစ် သက်တမ်း တိုးပေးဖို့ ကွန်ဂရက်စ်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

အခုလို တိုင်းပြည်စီးပွားရေးကျဆင်းချိန်မှာ လုပ်ငန်းလည်ပတ်အောင် ကျားကန်လုပ်ကိုင်နေရသူ၊ အလုပ် အကိုင် ဖန်တီးပေးနိုင်တဲ့ စီးပွားရေးလူချမ်းသာတွေကို ဝင်ငွေခွန် တိုးကောက်မယ်ဆိုတဲ့ သမ္မတအိုဘားရဲ့ အဆိုပြုချက်က လုပ်ငန်းတွေကို ဖျက်ဆီးပစ်ရာကျတယ်လို့ ရီပတ်ဘလီကဲန် ပါတီ ဘက်က မြင်ပါတယ်။ ဒီ ဝင်ငွေခွန်လျှော့ပေါ့ရေး ဥပဒေက အခုလာမယ့် သမ္မတရွေးကောက်ပွဲ အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင် မလဲ ဆိုတာ ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

XS
SM
MD
LG