အမေရိကန်ပြည်ထောင်စုအတွင်း လူ သန်းပေါင်းများစွာဟာ ကျန်းမာရေးအာမခံစရိတ်ကြီးမြင့်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်ကြဘဲ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့် မစ္စတာအိုဘားမားက သူသမ္မတဖြစ်တဲ့အခါမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ပေးမယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အခုတော့ အမေရိကန်လွှတ်တော်တရားရုံးချုပ်ကနေပြီး ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီဖြစ်တယ်လို့ ဂျွန်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်က အတည်ပြုပေး လိုက်ပါတယ်။
ဒီ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုကို ကျန်းမာရေးအာမခံမရှိရင် ဒဏ်ရိုက်ခံရမယ် ဆိုတဲ့ အချက်ကြောင့် ရီပတ် ဘလီကဲန်ပါတီဝင်တွေဘက်က ကန့်ကွက်ခဲ့ကြပါတယ်။ အခု သမ္မတရွေးကောက်ပွဲရာသီအတွင်း ရီပတ် ဘလီကင်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်း Mitt Romney က သူ သမ္မတဖြစ်တဲ့အခါ ဒီ ကျန်းမာရေးစောင့်ရှောက်မှုကို ဥပဒေအရ ပယ်ဖျက်ပစ်မယ်လို့ ကြွေးကြော်နေတဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ် တင်ပြပေးထားပါတယ်။