အမေရိကန်ပြည်ထောင်စုအတွင်း အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် သတင်းပေါက်ကြားမှုတွေ ရှိလာနေတဲ့အတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေကြောင်း အထက်လွှတ်တော်အမတ် ဂျိုးဇက် လေဘာမဲန်း က ပြောလိုက်ပါတယ်။ အခုလို ပေါက်ကြားမှုကြောင့် ပြည်သူတွေက အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သိသာ ထင်ရှားစေသလို တဘက်မှာတော့ ဒီလို လျှို့ဝှက်ချက်ပေါက်ကြားမှုကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ လည်း ဖြစ်လာနိုင်စေတဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေး အစီအစဉ်မှာ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့အတူ မခင်ဖြူထွေးက သုံးသပ်ဆွေးနွေး တင်ပြပေးထားပါတယ်။