အမေရိကန်ရွေးကောက်ပွဲနဲ့ မြန်မာ့လူ့အခွင့်အရေး အလားအလာ
အမေရိကန် ရွေးကောက်ပွဲနဲ့ အတူ ဘယ်အစိုးရတက်တက် မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အားပေးတဲ့ မူဝါဒ မလျော့စေဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အသိအမှတ်ပြုရေးနဲ့ လူထုကို ကာကွယ်ပေးမယ့် နည်းပညာ အကူအညီအပါအဝင် မြန်မာ့အရေး ပိုမို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောလိုက်ပါတယ်။ အမေရိကန် လွှတ်တော် အတွင်းမှာလည်း မြန်မာ့အရေးချန်ပီယံတွေ အပြောင်းအလဲ ရှိလို့ နောက်ထပ် ချန်ပီယံတွေ များများ ပေါ်ထွက်လာမှ လိုအပ်တဲ့ ဥပဒေပြုရေးနဲ့ နောက်ဆက်တွဲ စောင့်ကြည့်ရေးနဲ့ အကောင်အထည် ဖော်ရေး လုပ်ဆောင်နိုင်မယ်လို့လည်း သတိပေးပါတယ်။ ဦးအောင်မျိုးမင်းကို ဗွီအိုအေ စတူဒီယိုထဲမှာ ကိုငြိမ်းချမ်းအေးက တွေ့ဆုံ မေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ MRTV ရုပ်သံတင်ဆက်သူ
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
လူ့အခွင့်အရေးချိုးဖောက်မှုများ အရေးယူရေး NUG လုပ်ဆောင် “မေးမြန်းခန်း”
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
KIO/ KIA ထိန်းချုပ်လိုက်တဲ့ ပန်ဝါ အခြေအနေ
-
၁၂ နိုဝင်ဘာ၊ ၂၀၂၄
"ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်ရေးများ တရုတ်ရပ်ဆိုင်း"လို့ အကဲခတ်တွေယူဆ
-
၁၀ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာအပေါ်ထားမည့် ကန်အစိုးရသစ် မူဝါဒ အလားအလာ
-
၀၈ နိုဝင်ဘာ၊ ၂၀၂၄
ကန်သမ္မတသစ်လက်ထက် မြန်မာ့အရေး အလားအလာ
Forum