သန္ဓေသား တရားဝင် ဖျက်ချခွင့် နဲ့ပတ်သတ်တဲ့ မေးခွန်း
ဝေါ့လ်ဇ်က အမျိုးသမီးတွေ မလိုလားပဲ ကိုယ်ဝန်ရခဲ့တာတွေကို ဥပမာပေးပြော၊ အခြေခံလူအခွင့်အရေးကို လေးစားဖို့လို့
ဗန့်ဇ်က အပြစ်မဲ့တဲ့ အသက်တွေကို အကာအကွယ်ပြုချင်ပါတယ်၊ မိသားစုလေးဖြစ်လာရင် အဆင်ပြေအောင် အကူအညီပေးချင်ပါတယ်။ ပြည်နယ်တွေ တခုနဲ့ တခု မတူ၊ သူတို့ဘာသူတို့ သင့်တော်တဲ့ မူဝါဒ ချကြစေချင်ပါတယ်။
ဝေါ့ဇ်လ်ကတော့ ပြည်နယ်တခုမှာ တားမြစ်ထားလို့ နောက်ပြည်နယ်သွားပြီး ကိုယ်ဝန်ဖျက်ချတဲ့အခါ အမျိုးသမီးတွေ အသက်ပါဆုံးရှုံးရတဲ့အထိ အဖြစ်ဆိုးမျိုး တားဆီးနိုင်ဖို့ လိုအပ်လို့ ပြော
ဗန့်ဇ်ဟာ တချိန်က ဒေါ်နယ်ထရမ့်ကို အပြင်းအထန်ဝေဖန်ခဲ့တာ၊ အခုတော့ သူနဲ့လက်တွဲပြီး လေသံပြောင်းသွားတာကို လူထုကယုံပါ့မလားမေးခွန်း -
လူဆိုတာ အမြင်တွေပြောင်းလဲတတ်ပါတယ်။ ၂၀၂၀ က အဲလိုတွေ ပြောခဲ့ပေမဲ့ ဒေါ်နယ်ထရမ့်လုပ်ဆောင်မှုတွေ ကောင်းတာတွေတွေ့ခဲ့၊ ဒီမိုကရက်သမ္မနဲ့ ဒုသမ္မတလုပ်ဆောင်နေတာတွေ ဝေဖန်သွားခဲ့
ဒုသမ္မတတွေရဲ့ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ
ဝေါ့လ်ဇ် - ကျောင်းဆရာလုပ်ခဲ့စဉ် အမေရိကန်လူငယ်တွေကို တရုတ်နိုင်ငံကို ခေါ်သွား၊ လေ့လာရေးခရီးတွေ၊ ယဉ်ကျေးမှုဖလည်ရေး အစီအစဉ်တွေအတွက် ခေါ်ဆောင်သွားပေးခဲ့ပါတယ်။ လူမှုအသိုက်အဝန်းအတွက် အကောင်းဆုံးလုပ်ဖို့ပဲ အမြဲစဉ်းစားပါတယ်။
ဝေါ့လ်ဇ် - နိုင်ငံမှာ လုပ်သားတွေ အခွန်တွေပေးပြီး လူချမ်းသာကြီး ဒေါ်နယ်ထရမ့် အခွန်မပေးရတာ တရားမျှတပါရဲ့လား
ဗန့်ဇ် - ဒေါ်နယ်ထရမ့်က ကုန်ထုတ်လုပ်ရေးတွေကို နိုင်ငံခြားကရောက်နေတာတွေ ပြန်သယ် ပြည်တွင်းမှာ လုပ်ခိုင်းပြီး နိုင်ငံတွင်း ကြီးပွားအောင်လုပ်ပါမယ်။
ဝေါ့လ်ဇ် - ကြားကောင်းအောင်ပဲ ပြောနေပြီး ဒေါ်နယ်ထရမ့်က လုပ်မပြနိုင်လို့ အမေရိကန်သမိုင်းမှာ အကြီးဆုံးကုန်သွယ်ရေးလိုငွေပြမှု ဖြစ်ပါတယ်၊