စီးပွားရေးနဲ့ ပတ်သတ်ပြီး ပြောကြားရမှာ
ဝေါ့ဇ် - ကာမာလာက လူလတ်တန်းစားတွေကို အခွန်လျှော့ပေးမယ်ဆိုတဲ့ ကာမာလာရဲ့ ကတိနဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ပြောကြား၊ ဒေါ်နယ်ထရမ့်က ချမ်းသာသူတွေကို အခွန်လျှော့ပေး၊ ကျွန်တော်တို့ ဒီမိုကရက်တွေက ချမ်းသားတဲ့သူတေတွ ပေးဆောင်သင့်တာ ပေးဖို့ တောင်းမှာပါ
ဗန့်ဇ် - ကာမာလာပြောတာတွေ ကတိတွေ တကယ်ဖြစ်လာရင်ကောင်းပါတယ်၊ အခု သူက လက်ရှိအာဏာရဆိုပေမဲ့ ဘာမှ လုပ်မပေးနိုင်ခဲ့၊ ကုန်ဈေးနှုန်းတွေပဲ တက်အောင်လုပ်တာပါ၊ ဒေါ်နယ်ထရမ့် လုပ်နိုင်ခဲ့တာတွေ ပြန်ကြည့်ပါ၊ အခွန်လျှော့ပေါ့ပေးပြီး လူအများအတွက် လုပ်ပေးနိုင်ခဲ့ပါတယ်၊ ဒေါ်နယ်ထရမ့် တက်လာရင် ပြန်အဆင်ပြေအောင် လုပ်ပေးပါမယ်။
ဝေါ့ဇ် - ဗန့်ဇ်က ပြဿနာကို ရှင်းချင်တယ်ပြောပါတယ် ။ ဒါပေမဲ့ ထရမ့်နဲ့ ပေါင်းပြီး လက်တွေ့မပါ စကားလုံးတွေနဲ့ ပြဿနာရှင်းတယ်ဆိုတာ အလုပ်မဖြစ်ပါဘူး၊
ဗန့်ဇ် - အမေရိကန်ကို တရားမဝင်ဝင်ရောက်သူတွေကြောင့် ကျောင်းတွေ လည်း မနိုင်နိုင် .. စသည်ဖြင့် နယ်စပ်ဖွင့်တဲ့ ကာမာလာကိုပဲ အပြစ်တင်ချင်ပါတယ်
ဗန့်ဇ် - တရားမဝင် ဝင်ရောက်လာသူတွေ မိဘနဲ့ ကလေးတွေကွဲတာလည်း ကာမာလာတို့ကြောင့်ပါ .. နယ်စပ်ဖွင့်တဲ့ ပြဿနာကြောင့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာ
ဝေါ့လ်ဇ် - မူးယစ်နဲ့ လူကုန်ကူးပြဿနာနဲ့ ပတ်သတ်ပြီး ကာမာလာက နယ်စပ်လုံခြုံရေးအတွက် အရာရှိတွေ ပိုခန့်ပေးတယ်၊ ဒေါ်နယ်ထရမ့်က လွယ်လွယ်လေးပြော၊ တံတားဆောက်ပြီး မက္ကဆီကိုပေးမယ်ပြောတာ တပြားမှတောင်မရပါဘူး