အာဖရိကတိုက် အရှေ့မြောက်ပိုင်း ဆူဒန်နိုင်ငံမှာ ရေသွင်းစိုက်ပျိုးရေးအတွက် ကုန်ကျစာရိတ်များပြီး ပုံမှန်မရတဲ့ လျှပ်စစ်မီး အစား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို အသုံးပြုလာကြရာကနေ အခုအခါမှာတော့ အခက်အခဲတွေနဲ့ ပြန်လည် ကြုံတွေ့နေကြရပါတယ်။ ပြည်တွင်းစစ် တနှစ်ခွဲကျော်အကြာမှာ ဆူဒန်လယ်သမားတွေအနေနဲ့ ဆိုလာနဲ့ပတ်သက်ပြီး အပိုပစ္စည်းရှားပါးလာတဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာ အခက်အခဲတွေရှိလာပါတယ်။ ဒီအကြောင်း AFP သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
Forum