ဆွစ်ဇာလန် နွားအလှပြပွဲ
ဆွစ်ဇာလန်နိုင်ငံ Gstaad (ဂတ်ရှ်စတတ်) မြို့ထဲ လမ်းတွေမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က နွားတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဂတ်ရှ်စတတ် နွားအလှပြ ပွဲတော်ကြောင့်ပါ။ ဒီပွဲမှာ ဒေသခံလယ်သမားတွေက မြို့ကိုရောက်ဖို့ လွင်ပြင်ကဆင့် သူတို့ရဲ့ ရောင်စုံနွားအမျိုးမျိုးကို ခေါ်ဆောင်ဆင်းသက်လာတာဖြစ်ပြီး ကမ္ဘာတလွှားက ဧည့်သည်တွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ AP သတင်းဆောင်းပါးကို ကိုဝင်းခန့်မောင် ပြောပြထားပါတယ်။
Forum