ဆန်ဖရန်စစ္စကို APEC အစည်းအဝေးအလားအလာ
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တွေက နိုဝင်ဘာလလယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ အာရှပစိဖိတ်စီးပွားရေးကော်ပိုရေးရှင်း APEC အဖွဲ့အစည်းအဝေးတက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကုန်သွယ်ရေးမူဝါဒတွေနဲ့ထုတ်လုပ်မှုလုပ်ငန်းတိုးလုပ်လာတာနဲ့အမျှ APEC အဖွဲ့ဝင်နိုင်ငံတွေလည်း အမေရိကန်ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးလုပ်ဖို့ အမေရိကန်ကစွဲဆောင်နေတယ်လို့ ကုန်သွယ်ရေးပညာရှင်တွေက သုံးသပ်ပါတယ်။ VOA သတင်းထောက် Jessica Stone ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။