အန္တရာယ်ရှိတဲ့ နှလုံးခုန်နှုန်း မူမှန်တာကို ပိုမို ထိရောက် ကောင်းမွန်အောင် ကုသနိုင်ဖို့ အတွက် ဆရာဝန်တွေဟာ ပုံမှန်ဆိုရင် ကင်ဆာရောဂါမှာ အသုံးပြုတဲ့ ဓာတ်ရောင်ခြည်ကို နှလုံးကုသရာမှာ စမ်းသပ် အသုံးပြုနေကြပါတယ်။ နှလုံးကို တကြိမ် ဓာတ်ကင် ကုသလိုက်ရင် ယိုယွင်းပျက်စီးနေတဲ့ နှလုံးဆဲလ်တွေကို ပြန်လည်ပြုပြင်နိုင်ပြီး ငယ်ရွယ်ကျန်းမာတဲ့ ဆဲလ်တွေလို ပုံမှန်အတိုင်း ပြန်လည် နှလုံးခုန်စေနိုင်တယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။ ဒီလို နည်းနဲ့ ကုသနည်းကို ပုံမှန်အသုံးပြုရင် အမှန်တကယ် အလုပ်ဖြစ်မဖြစ်ကို သိရှိနိုင်ဖို့ အသေးစိတ် သုတေသန လေ့လာမှုတွေ စတင်ဖို့လည်း ရှိနေပါယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။