သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆက်လက်ကြိုးပမ်းဖို့ ယူနက်စကို ကတိပြု


World Press Freedom Day (photo : Amnesty International )
World Press Freedom Day (photo : Amnesty International )

[[ ZAWGYI / UNICODE ]]

မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆက်လက်ကြိုးပမ်းဖို့ ယူနက်စကို ကတိပြု

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သတင်းမီဒီယာတွေကို ဆက်လက် အကာအကွယ်ပေးဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ သတင်းထောက်မီဒီယာ သမားတွေ ဘေးကင်းလုံခြုံမှုနဲ့ အကာအကွယ် ပိုပြီး ရရှိရေးတို့ အတွက် ဆက်လက်ပြီး ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က မေလ ၃ ရက် အင်္ဂါနေ့မှာ ကျရောက်တဲ့ ကမ ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုလိုက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။

“စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ဆိုရင် အနည်းဆုံး သတင်းသမား ၁၅၄ ဦး ဖမ်းဆီးခံရပြီး အနည်းဆုံး ၅၅ ဦး ဆက်လက် ဖမ်းခံထားရဆဲ ဖြစ်ပါတယ်။ သတင်းထောက် ၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။” ယူနက်စကိုရဲ့ ထုတ်ပြန်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒေသဆိုင်ရာ တရားရုံးတွေက ပြစ်ဒဏ် စီရင်ချက် ချခံရတဲ့ သတင်းသမား ၃၃ ဦး ရှိပြီး မြန်မာနိုင်ငံတွင်း သတင်းသမားတွေကို ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်မှု အရေအတွက်ကလည်း တိုးလာနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း မီဒီယာ ဌာန ၁၀ ခုရဲ့ လိုင်စင်တွေ ရုပ်သိမ်းခံရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ ၁၈ ခုကတော့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရပါတယ်။ သတင်းမီဒီယာ လုပ်ငန်း ၅ ခုကတော့ ရာဇဝတ်မှု ဆိုင်ရာ စွဲချက်တွေ အများအပြားနဲ့ ရင်ဆိုင်နေရကြောင်းလည်း ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = = = = = = =

{{ UNICODE }}







XS
SM
MD
LG