ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် အစီအစဉ် ရဲ့ ၂၀၂၂ အကူး ကို အနာဂတ် နိုင်ငံရေး လှုပ်ရှားမှု အစီအစဉ် အဖြစ် မင်န်ဒဲလား စီမံကိန်း၊ ဒီမိုကရေစီ သုံးသပ်ချက်အဖြစ် တရုတ် ရဲ့ ဒီမိုကရေစီ စနစ်၊ မြန်မာ့ လက်နက်ကိုင် တိုက်ပွဲ သင်ခန်းစာ အစရှိတဲ့ အကြောင်းအရာတွေ နဲ့ ဖွင့်လှစ်တင်ပြခဲ့ပါတယ်။ ဒီအပတ်မှာတော့ ၂၀၁၁ ကနေ ၂၀၂၀ အထိ အုပ်ချုပ်မှု အကြောင်းတွေ ကို ပြန်လည် သုံးသပ် တင်ပြချင်ပါတယ်။ ဦးတင်မောင်သန်း က မေးမြန်းထားပြီး၊ သန္တိ အုပ်ချုပ်မှု အဖွဲ့ ကို တည်ထောင်သူလည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်း ဖြစ်တဲ့ ဦးခိုင်ဝင်း က ဆွေးနွေး သုံးသပ်ထားပါတယ်။