Zawgyi:
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက်လှုပ်ရှားနေကြတဲ့ ပြည်တွင်းနဲ့ ပြည်ပလူငယ်တချို့ ဇွန်လ ၂၆ ရက်နေ့က အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး GMSR လှုပ်ရှားမှုက လူငယ်တွေနဲ့ NUG Campaign UK တို့ပူးပေါင်းစီစဉ်တဲ့ ဆွေးနွေးပွဲမှာ မတူညီတဲ့ မျိုးဆက်တွေကြားမှာ အမြင်ကွဲမှုတွေ ရှိနေသလား၊ စိုးရိမ်စရာပြန်ဖြစ်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် လှုပ်ရှားမှုအရှိန် ကျမသွားအောင် ဘယ်လိုလုပ်ကြမလဲ စတဲ့အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာတင်ပြထားပါတယ်။