Zawgyi:
မြန်မာနိုင်ငံက ဂီတမြတ်နိုးတဲ့ Generation Z MM လူငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး သီချင်းတပုဒ်ကို ကမ္ဘာ့နိုင်ငံစုံက ဂီတချစ်သူတွေက အွန်လိုင်းပေါ်မှာ စုပေါင်းပြီး မြန်မာလို သီဆိုနေကြပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ တသားထဲရပ်တည်နေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ Revolution ဆိုတဲ့ သီချင်းကို သီဆိုနေကြတဲ့အကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။