အင်္ဂါဂြိုဟ် ပျံသန်းမယ့်ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မမီမီအောင်နဲ့ဆက်သွယ် မေးမြန်းချက်
အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ JPL ဌာနခွဲက ဖန်တီးလိုက်တဲ့ Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ကို ဦးတည်သွားနေပြီ ဖြစ်သလို၊ ရှေ့နှစ် ဖေဖော်ဝါရီလောက်မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ခြေချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့အပြင်ဘက် ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ်ကို ဖန်တီးခဲ့တဲ့ စီမံကိန်းကိုတော့ မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ မမီမီအောင်က ဦးဆောင်ခဲ့တာပါ။ ဒါကြောင့် ဒီ Ingenuity ရဟတ်ယာဉ်အကြောင်းနဲ့အတူ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာမှုတွေနဲ့ပတ်သက်လို့ အာကာသသိပ္ပံပညာရှင် အင်ဂျင်နီယာတယောက်ဖြစ်တဲ့ မမီမီအောင်ကို Skype ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ MRTV ရုပ်သံတင်ဆက်သူ
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
လူ့အခွင့်အရေးချိုးဖောက်မှုများ အရေးယူရေး NUG လုပ်ဆောင် “မေးမြန်းခန်း”
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
KIO/ KIA ထိန်းချုပ်လိုက်တဲ့ ပန်ဝါ အခြေအနေ
-
၁၂ နိုဝင်ဘာ၊ ၂၀၂၄
"ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်ရေးများ တရုတ်ရပ်ဆိုင်း"လို့ အကဲခတ်တွေယူဆ
-
၁၀ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာအပေါ်ထားမည့် ကန်အစိုးရသစ် မူဝါဒ အလားအလာ
-
၀၈ နိုဝင်ဘာ၊ ၂၀၂၄
ကန်သမ္မတသစ်လက်ထက် မြန်မာ့အရေး အလားအလာ