လွှတ်တော်ကြားနာပွဲနဲ့လူထုသဘောထား
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲဆိုရေး စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော်ကြားနာပွဲတွေ ဆက်ကျင်းပနေပြီး ဒီသတင်းပတ်အတွင်းမှာ အရေးကြီးတဲ့ သက်သေတွေကို စစ်ဆေးနေကြပါတယ်။ သမ္မတ ထရမ့်ပ်ဟာ သူ့ရဲ့ပြိုင်ဘက် ဒုသမ္မတဟောင်း Joe Biden အပေါ် စုံစမ်းစစ်ဆေးဖို့ ယူကရိန်းကို ဖိအားပေးပြီးတော့ သူ့အာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ အတိုက်အခံ ဒီမိုကရက်တွေက ယူဆကြပါတယ်။ အခုကြားနာပွဲတွေကနေ သူတို့လုပ်ဆောင်ချက် အပေါ် လူထုထောက်ခံလာ အောင် ဆွဲဆောင်နိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ Jim Malone ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။