ရိုဟင်ဂျာအရေး ICC စုံစမ်းမှုနဲ့ မြန်မာနိုင်ငံ
- ဇော်ဝင်းလှိုင်
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ စုံစမ်း စစ်ဆေးမှုတွေ တတ်နိုင်သလောက် ပြုလုပ်နိုင်ဖို့ အခုလို တောင်းဆိုတာလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ လက်ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်ကတင်ပြထားပါတယ်။