ထိုင်းရွေးကောက်ပွဲနဲ့ ကြိုတင်ခန့်မှန်းချက်
ထိုင်းနိုင်ငံမှာလာမယ့် တနင်္ဂနွေနေ့ ကျင်းမယ့် ရွေးကောက်ပွဲအတွင်း စစ်တပ်ကို ဆန့်ကျင်တဲ့ တောင်ပိုင်းဒေသကလူတွေ အများအပြား မဲပေးကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် အစိုးရက ဆန့်ကျင်သူတွေအပေါ် ထိန်းချုပ်ကန့်သတ်မှုတွေ ပြုလုပ်နေတာကြောင့် စစ်တပ်ဘဲနောက်ထပ်သက်တမ်းတခု အုပ်ချုပ်ခွင့်ရလိမ့်ဦးမယ်ဆိုပြီး မဲဆန္ဒရှင်တွေနဲ့အတိုက်အခံ နိုင်ငံရေးသမားတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Sandford ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။