ဆီးရီးယားကျေးရွာတွေက နေရောင်ခြည်စွမ်းအင်
လေထုညစ်ညမ်းမှုလျော့ချရေးအတွက် နေစွမ်းအင်ကိုအသုံးပြုဖို့ တက်ကြွလှုပ်ရှားသူတွေက အားထုတ်ကျိုးပမ်းကြပေမယ့် လျှပ်စစ်စွမ်းအင်မရကြတဲ့ဒေသတွေမှာ နေစွမ်းအင်သာလျှင် လက်တွေ့ကျတဲ့ဖြေရှင်းနည်းဖြစ်ပါတယ်။ အိမ်ယာအတည်တကျမရှိပဲ သဲကန္တာရထဲက ရေကြည်ရာ မြက်နုရာသွားလာနေထိုင်ကြသူတွေနဲ့ လူသူအလှမ်းဝေးတဲ့ ရွာတွေနေထိုင်ကြသူတွေဟာ နေစွမ်းအင်ရဖို့ ဆိုလာပြားတွေကို မကြာခဏ အသုံးပြုကြတာပါ။ လတ်တလောကာလမှာတော့ ဆိုလာပြားတွေကိုစစ်ဘေးသင့်ဒေသတွေမှာ အသုံးပြုလာကြပါတယ်။ ဆီးရီးယားနိုင်ငံတဝှမ်းက ကျေးရွာတွေမှာ ဆိုလာပြားတွေ အသုံးပြုလာနေကြတဲ့အကြောင်း VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၂၀ နိုဝင်ဘာ၊ ၂၀၂၄
တရုတ် စွက်ဖက်လို့ ဖြစ်လာနိုင်တဲ့ အခြေအနေ
-
၂၀ နိုဝင်ဘာ၊ ၂၀၂၄
တပတ်အတွင်း အားကစား
-
၂၀ နိုဝင်ဘာ၊ ၂၀၂၄
ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့ လမ်းလျှောက်ခြင်း
-
၂၀ နိုဝင်ဘာ၊ ၂၀၂၄
ရွေးကောက်ပွဲရှုံးတဲ့ကိစ္စ ဒီမိုကရက်တို့ ပြန်လည်သုံးသပ်
-
၂၀ နိုဝင်ဘာ၊ ၂၀၂၄
ယူကရိန်း ကလေးတွေအတွက် ဒရုန်းယာဉ် သင်တန်းကျောင်း
-
၂၀ နိုဝင်ဘာ၊ ၂၀၂၄
ကျားလက်ကလွတ်သွားတဲ့ လယ်သမား