ပြည်ဝင်ခွင့်တားမြစ်မိန့် အိမ်ဖြူတော် ထပ်ထုတ်ပြန်ဖို့ရှိ
မူဆလင်နိုင်ငံ ၇ နိုင်ငံက ပြည်သူတွေအပေါ် ပြည်ဝင်ခွင့်တားမြစ်တဲ့ သမ္မတ Donald Trump အမိန့်ကို ဆိုင်းထားဖို့ ဖယ်ဒရယ်အယူခံတရားရုံးက ဆုံးဖြတ်လိုက်ပေမယ့်၊ သမ္မတအိမ်ဖြူတော်ကတော့ ပြည်ဝင်ခွင့်ကန့်သတ်ဖို့ ကြိုးစားမှုတွေ မလျှော့သေးပါဘူး။ ဒီအကြောင်း Michael Bowman ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။