တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ကုမ္ပဏီ Xiaomi နဲ့ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး အမျိုးသား ရေနံတူးဖော်ရေး အပါအဝင် တရုတ်ကုမ္ပဏီတွေကို တရုတ်စစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် အစိုးရ အမည်မည်းစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဆိုတဲ့ သတင်းမှားတွေ ပါတဲ့ ဗွီဒီယိုတွေကို ဖြတ်ချ တော့မယ် လို့ YouTube ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
Pennsylvania ပြည်နယ်မှာ ဒီမိုကရက် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို ပယ်ဖျက်ဖို့ ရီပါပလင်ကန်တွေရဲ့ ကြိုးပမ်းချက်ကို အမေရိကန်တရားရုံးချုပ်က အင်္ဂါနေ့မှာ ပယ်ချလိုက်ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ မမှန်မကန် မဲပေးမှု ကြီးကြီးကျယ်ကျယ် ရှိခဲ့တာကို အမေရိကန် တရားရေးဝန်ကြီးဌာန အနေနဲ့ မတွေ့ရသလို ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေလောက်တဲ့ အရာလည်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် William Barr က ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်ထိ တရားစွဲဆိုနိုင်ရေး မျှော်လင့်ချက်ရှိစေတဲ့ သမ္မတ Donald Trump ရဲ့ နောက်ဆုံးကြိုးပမ်းချက် အယူခံမှုကို Philadelphia မှာရှိတဲ့ ဖယ်ဒရယ်တရားရုံးတခုက ပယ်ချလိုက်ပြီဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ Joe Biden ထုတ်ပြန်ကြေညာခဲ့တဲ့ ထိပ်တန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ စာရင်းမှာ သူ့ရဲ့ အနီးကပ် အကြံပေး ဖြစ်သူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Antony Blinken လည်း ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရပါတယ်။
ရွေးကောက်ပွဲနဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ကြားကာလကို အကူးအပြောင်းကာလလို့ ခေါ်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့မှာ အရေးပါတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အွန်လိုင်းတွေ့ဆုံမှုတွေလုပ်ပြီး သူ့အစိုးရ အဖွဲ့ အကူးအပြောင်းကာလ အတွက် ဆက်လက်လုပ်နေသလို သမ္မတ Trumpကတော့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေဖို့ တရားရေးဆိုင်ရာ ကြိုးပမ်းမှုတွေ ဆက်လုပ်ဆောင်နေတာပါ။
ရွေးကောက်ခံ သမ္မတ Joe Biden ဟာ အင်္ဂါနေ့က သူရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ Arizona ပြည်နယ် မှာလည်း မဲအသာစီးရနေကြောင်းနဲ့ အခုလို အသာစီးရနေတယ် ဆိုတာကို သမ္မတဒေါ်နယ်ထရမ့်က လက်မခံကြောင်း အမေရိကန်သတင်းမီဒီယာ တွေမှာ ဖေါ်ပြနေပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ သမ္မတ ထရမ့်ရဲ့ တရားရေးစိန်ခေါ်မှုတွေကို ဆက်လက် ရင်ဆိုင်နေရသလို ရွေးကောက်ပွဲအလွန် ကြား ကာလ အတွက် ရှုပ်ထွေးမှုတွေ ရှိနေတဲ့ ကြားကပဲ ကမ္ဘာ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အာရှဒေသက အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သတ်မှတ်ခံထားရသူ Joe Biden က ဗုဒ္ဓဟူးနေ့မှာ အသွင်ကူးပြောင်း ရေးဆိုင်ရာ အကြံပေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။