သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ငလျင်ကြောင့် သေဆုံးရသူ ၃ သောင်းခွဲကျော်ပြီ


တူရကီသမ္မတ အာဒိုဝမ် (ဝဲဘက်မှ ဒုတိယ) နဲ့ တူရကီလွှတ်တော်ဥက္ကဋ္ဌ (ဝဲမှ တတိယ) တို့ ငလျင်ဘေးမှာ သေဆုံးသူတွေအတွက် ဆုမွန်ကောင်းတောင်းပေးစဉ်။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃)
တူရကီသမ္မတ အာဒိုဝမ် (ဝဲဘက်မှ ဒုတိယ) နဲ့ တူရကီလွှတ်တော်ဥက္ကဋ္ဌ (ဝဲမှ တတိယ) တို့ ငလျင်ဘေးမှာ သေဆုံးသူတွေအတွက် ဆုမွန်ကောင်းတောင်းပေးစဉ်။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့တပတ်က တူရကီနိုင်ငံ့တောင်ပိုင်းမှာ လှုပ်သွားတဲ့ငလျင်ဟာ အနုမြူဗုံးလောက်အားပြင်းသလို လူပေါင်း ၃၅,၄၁၈ ဦးသေဆုံးခဲ့တယ်လို့ တူရကီသမ္မတ Tayyip Erdogan က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောပါတယ်။

ငလျင်ကြောင့် နိုင်ငံတောင်ပိုင်းက ထောင်ပေါင်းများစွာသော အဆောက်အအုံတွေလည်း လူနေလို့မရအောင်ဖြစ်သွားတယ်လို့ မြို့တော် Ankara မှာသမ္မတ အာဒိုဝမ်ကပြောသွားတာပါ။ နိုင်ငံတောင်ပိုင်းတခုလုံးတုန်ခါသွားစေတဲ့ အင်အားပြင်း ငလျင်အရ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ ပိုမိုတင်းကြပ်ဖို့လိုလာတာ တွေ့ရတယ်လို့လည်း ရုပ်သံကထုတ်လွှင့်သွားတဲ့ နိုင်ငံတော်မိန့်ခွန်းမှာ သမ္မတအာဒိုဝမ်က ထည့်သွင်းပြောသွားပါတယ်။ ငလျင်ကြောင့် ပြိုကျသွားတဲ့ အပျက်အစီးပုံတွေအောက် လူတယောက်မှမကျန်တဲ့ထိ အစိုးရက ရှာဖွေရေးဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂကလည်း သူပုန်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက ငလျင်ဒဏ်နဲ့ရင်ဆိုင်ခဲ့ရသတဲ့ ပြည်သူ ၅ သန်းနီးပါးအတွက် ဘဏ္ဍာငွေ ၃၉၇ သန်းပေးအပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ အဲဒီအရပ်က ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေက မဆိုစလောက်ပဲရနေကြတာပါ။

သူပုန်တွေထိန်းချုပ်ထားတဲ့အရပ်က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် တူရကီနိုင်ငံကိုဖြတ်ပြီး အကူအညီတွေပေးပို့နိုင်အောင် လမ်းကြောင်း ၂ ခု ဖွင့်ပေးဖို့ ဆီးရီးယားသမ္မတနဲ့ ကုလတို့ကြား သဘောတူညီလိုက်ပြီးနောက်တနေ့မှာပဲ ကုလသမဂအတွင်းရေးမှူးချုပ် Antonio Guterres က ခုလို တောင်းဆိုလိုက်တာပါ။

တူရကီနဲ့ဆီးရီးယား နိုင်ငံနယ်စပ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလှုပ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေဟာ သူမှတ်မိသမျှ အဆိုးရွားအပြင်းထန်ဆုံး ဖြစ်ရပ်တခုဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ်ကပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကလည်း ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ် ဘဏ္ဍာငွေတွေ အမြန်ဆုံး ထောက်ပံ့ပေးကြဖို့ တိုက်တွန်းတောင်းဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG