သမ္မတထရမ့်ပ်ဟာ Andrew လေတပ်စခန်းမှာ နှုတ်ဆက်ပွဲပြီးတဲ့နောက် ဖလော်ရီဒါပြည်နယ်ကို ထွက်ခွာသွားပါပြီ။
အမေရိကန်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ နောက်ပိုင်း ကြာသပတေးနေ့မှာတော့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Elaine Chao ဟာ အစိုးရအဖွဲ့ ထဲကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဆိုတဲ့ သတင်းမှားတွေ ပါတဲ့ ဗွီဒီယိုတွေကို ဖြတ်ချ တော့မယ် လို့ YouTube ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
Pennsylvania ပြည်နယ်မှာ ဒီမိုကရက် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို ပယ်ဖျက်ဖို့ ရီပါပလင်ကန်တွေရဲ့ ကြိုးပမ်းချက်ကို အမေရိကန်တရားရုံးချုပ်က အင်္ဂါနေ့မှာ ပယ်ချလိုက်ပါတယ်။
သမ္မတ Donald Trump က အရေးပါတဲ့ အမေရိကန် အရှေ့တာင်ပိုင်းက ဂျော်ဂျီယာပြည်နယ်ကို သွားရောက်ပြီး အထက်လွှတ်တော်အမတ် နေရာအတွက် ယှဉ်ပြိုင်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၂ ဦးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ်က သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့အတွက် အဲဒီပြည်နယ်တရားရုံးမှာ သောကြာနေ့က လျှောက်ထားလိုက်တယ်လို့ Donald Trump ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ဗိုင်းရပ်စ်ကူးစက်မှုတွေကို မပြန့်ပွားရအောင် သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လူဦးရေလျှော့ပြီး ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ မမှန်မကန် မဲပေးမှု ကြီးကြီးကျယ်ကျယ် ရှိခဲ့တာကို အမေရိကန် တရားရေးဝန်ကြီးဌာန အနေနဲ့ မတွေ့ရသလို ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေလောက်တဲ့ အရာလည်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် William Barr က ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်ထိ တရားစွဲဆိုနိုင်ရေး မျှော်လင့်ချက်ရှိစေတဲ့ သမ္မတ Donald Trump ရဲ့ နောက်ဆုံးကြိုးပမ်းချက် အယူခံမှုကို Philadelphia မှာရှိတဲ့ ဖယ်ဒရယ်တရားရုံးတခုက ပယ်ချလိုက်ပြီဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ Joe Biden ထုတ်ပြန်ကြေညာခဲ့တဲ့ ထိပ်တန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ စာရင်းမှာ သူ့ရဲ့ အနီးကပ် အကြံပေး ဖြစ်သူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Antony Blinken လည်း ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရပါတယ်။
ရွေးကောက်ပွဲနဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ကြားကာလကို အကူးအပြောင်းကာလလို့ ခေါ်ပါတယ်။
Georgia ပြည်နယ်မှာ ဆန္ဒမဲတွေကို လူကိုယ်တိုင် လက်နဲ့ တစ်မဲချင်းစီ ပြန်လည် ရေတွက်ပြီးတဲ့နောက် ရွေးကောက်ပွဲဆိုင်ရာ ပြည်နယ်တာဝန် ရှိသူတွေက Joe Biden အနိုင်ရကြောင်း အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အရှုံးကို လက်ခံ မယ့်ပုံ မပြသေးတဲ့အကြောင်း ကိုရဲမင်းထွန်းက ပြောပြမှာပါ
နောက်ထပ်ကြည့်ရှုရန်