သက်ငယ်မုဒိမ်းဖြစ်ပွားတာတွေများပြားတဲ့ မြန်မာနိုင်ငံမှာ ဒီသက်ငယ်မုဒိမ်းမှုကို တဘက်တလမ်းက ကာကွယ်ပေးနိုင်ရေးအတွက် လိင်အကြမ်းဖက်မှုဆိုင်ရာ လူထုအသိပညာပေးမှုတွေ ပိုလုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။ မမြင့်မြင့်ခိုင်က သတင်းထောက်မှတ်စုအစီအစဉ်မှာ တင်ပြပေးထားပါတယ်။
၂၀၁၂ ရခိုင်ပဋိပက္ခ မတိုင်ခင် ကျောက်ဖြူမြို့မှာ နေထိုင်ခဲ့ကြတဲ့ မွတ်ဆလင်တွေအနေနဲ့ ကိုယ့်နေရပ်မှာ ပြန်လည်နေထိုင်လိုကြောင်း အစိုးရထံ တောင်းဆိုမှုအပေါ် ကျောက်ဖြူဒေသခံတွေက ကန့်ကွက်နေကြ ပါတယ်။
ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ရာနဲ့ချီတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရတာ ၁နှစ်ပြည့်သွားပေမယ့် တရားခံပြေးကို မဖမ်းဆီးနိုင်သေးသလို အမှုမှန်လည်းမပေါ်သေးပါဘူး။ ဒီအမှုမှာ မျှတတဲ့ တရားစီရင်မှုရ နိုင်ပါ့မလား။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမြင့်မြင့်ခိုင် တင်ပြထားပါတယ်။
ဇန်နဝါရီ ၁၂ရက်နေ့ ဖြူးမြို့ရဲ့ အနောက်ဖက် ၂၄မိုင်အကွာ ပဲခူးရိုးမထဲကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ ပြင်းအား ၆.၀ ရှိတဲ့ ငလျင်အပါအဝင် အခု ၂၀၁၈ခုနှစ်ရဲ့ ပထမ နှစ်လအတွင်း မြန်မာနိုင်ငံ တဝှမ်း ဒေသ ပေါင်းစုံမှာ ပြင်းအား သိပ်မများတဲ့ ငလျင်ပေါင်း ၃၀ကျော် လှုပ်ခတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရုပ်အလောင်းတွေ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ခု ထက် မနည်း တွေ့ရတယ် AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ငြင်းဆို လိုက်ပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ကို ဒီကနေ့ မနက်ပိုင်းက မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
မြစ်ဆုံစီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်တဲ့အတွက် ပြန်လည်စတင်ဖို့ တရုတ် ကုမ္ပဏီ ဘက်က တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ တရုတ် နိုင်ငံအနေနဲ့ အခုလို တောင်းဆိုမှုမျိုးဟာ မသင့်လျော်ဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက ဝေဖန် ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း လူ ၇ ဦးအထိ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ စုံစမ်းစစ်ရေးအဖွဲ့က ဒီသီတင်းပတ်ထဲမှာပဲ စတင်စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
ဦးကိုနီ လုပ်ကြံခံရတာ ဒီကနေ့ဆိုရင် တနှစ် တင်းတင်းပြည့်ပါပြီ။ အမှန်တရားနဲ့ တရားမျှတမှု ရှိတဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီနဲ့ကိုနေဝင်းတို့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။ မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။
NLD အစိုးရလက်ထက် ရခိုင်ပြည်နယ် ပြဿနာ ပိုပြီး ရှုပ်ထွေး လာသလို၊ ရှုပ်ထွေးလာတဲ့ ဒီအရေးကို ဘယ်လို အကောင်းဆုံး ဖြေရှင်းနိုင်မလဲ။ ဒီတပတ် သတင်းထောက် မှတ်စုအစီအစဉ်မှာ မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ဒီကနေ့ စတင်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်ပေမဲ့လည်း၊ မြန်မာအစိုးရဘက်ကတော့ ပြန်လည်လက်ခံဖို့ အသင့်ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ်ပဲ တာဝန်ပေးအပ်လိုက်ပြီး နိုင်ငံ တော် သမ္မတက ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးနေရာကို ဦးဟန်ဇော်ကို ခန့်အပ်ဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားပါတယ်။
မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်စတင်တော့ လွှတ်တော် အစည်းအဝေးမှာ ၂၀၁၈ ဧပြီလက နေ စက်တင်ဘာလအထိ ကြားကာလ ၆လအတွက် ဘတ်ဂျက်ကိစ္စကို အဓိကထား ဆွေးနွေးဆုံးဖြတ်ဖို့ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောပါတယ်။
နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ Reuters သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတဲ့အခြေ အနေဟာ စိုးရိမ်စရာကောင်းတဲ့ နှောင့်ယှက်မှုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးက ပြောကြားပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံ စာပေးပို့ တောင်းဆိုထားပါတယ်။
တိုင်းရင်းသားတွေအနေနဲ့ကတော့ တကယ့်လက်တွေ့မှာ လွတ်လပ်ရေးရဲ့ အရသာကို အပြည့်အဝ မခံစားနိုင်သေး သလို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လည်း မရှိသေးတာမို့ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ခက်ခဲ နေပါဦးမယ်။
နေပြည်တော် လွှတ်တော် အဆောက်အဦးတွေကို အဝေးထိန်း Drone ယာဉ် လွှတ်တင်ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့မှု နဲ့ လတ်တလော ထောင်နှစ်လ ချခံထားရတဲ့ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် နိုင်ငံခြားသတင်းထောက် နှစ်ဦးနဲ့ ယာဉ်မောင်းတို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ တရားစွဲဆိုထားမှု တရားလိုဘက်က ရုပ်သိမ်းလိုက်ပါတယ်။
ခရစ္စမတ် အခါသမယမှာ မြန်မာပြည်သူတွေအားလုံး ပျော်ရွှင်နိုင်ကြပြီး ချစ်ခြင်းမေတ္တာနဲ့ ငြိမ်း ချမ်းခြင်းတွေ ပြည့်ဝကြဖို့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေက ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါ တယ်။ မြန်မာပြည်တွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေနဲ့ စစ်ဘေးရှောင် ဒုက္ခ သည်တွေ အမြန်ဆုံး ဆင်းရဲဒုက္ခတွေက လွတ်ကင်းကြဖို့လည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေး သတင်းရယူတဲ့ ရိုက်သတင်းဌာနက သတင်းထောက် နှစ်ယောက်ကို မြန်မာအစိုးရက ဖမ်းဆီးလိုက်တာဟာ သတင်းရယူခွင့်ကို ပိတ်ပင်ကန့်သတ်တဲ့ လုပ်ရပ်ဆိုပြီး သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားနေတဲ့ ပြည်တွင်း ပြည်ပက အဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်။ ဒီအကြောင်း မမြင့်မြင့်ခိုင်က စုစည်း သတင်းပေးပို့ထားပါတယ်။
ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ဦး ဖမ်းဆီးခံထားရထားပြီး တပတ်အကြာမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦး ကိစ္စနဲ့ပတ်သက်ပြီး သတင်း မီဒီ ယာ ဥပဒေဘောင်အတွင်း ဖြေရှင်းခွင့်ရရင် ဖြေရှင်းပေးလိုကြောင်း ဒီကနေ့ ရန်ကုန်မှာ သတင်းစာ ရှင်း လင်းပွဲလုပ်ပြီး သဘောထား ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ သတင်းမီဒီယာသမားတွေကတော့ မြန်မာ သတင်းမီဒီယာကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်ဟာ အားရစရာမရှိဘူးလို့ ဝေဖန်နေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်