ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တင်မဟုတ်ဘဲ၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့စကားပြောဖို့ လိုမယ်လို့ ရခိုင့်ဦးဆာင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က VOA ကိုပြောပါတယ်။ ဒေါက်တာအေးမောင်ကို ဦးမိုးဇော် နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ အမြင်သဘောထားတွေ သိနိုင်ဖို့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က နေပြည်တော်မှာ လူကိုယ်တိုင် သီးသန့် တွေ့ဆုံ မေးမြန်းပြီး တင်ပြထားပါတယ်။
“ကျနော်တို့က အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ထားတယ် ဆိုပေမယ့် ကျနော်တို့က ကြားတော့မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီဘက်မှာ ဖက်ဒရယ်ဘက်မှာ စပြီး နိုင်ငံရေးလောကထဲ ဝင်လာကတည်းက အခိုင်အမာ ရပ်တည်တာ ဖြစ်တဲ့အတွက် ကျနော်တို့မှာ ဘက်ရှိပါတယ်။..."
ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပဖို့ စစ်ကောင်စီ ရည်မှန်းခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများက ဆုံးဖြတ်ချက်ချနိုင်တဲ့ခေါင်းဆောင်တွေ မပါဝင်တာကြောင့် တွေ့ဆုံဆွေးနွေးပွဲသာ ကျင်းပနိုင်ခဲ့တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။
၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းမှာ တခါမှ မရှိဘူးတဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲထားကြောင်းနဲ့ ကြိုတင်ကန့်သတ်ချက် မထားတဲ့ ဆွေးနွေးပွဲကို ဖိတ်ကြားထားပါတယ်။
ဟုတ်ကဲ့၊ စာကိုကြည့်လိုက်တဲ့ အခါမှာတော့ အကြီးကြီးပုံစံမျိုး လူတွေက မြင်သွားကြတယ်။ ကျမတို့ ဒီနေ့ နစကဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး စကားပြောကြည့်လိုက်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးပါပဲ။ အဓိကတော့ ကျမတို့ကို MICC မှာတွေ့မယ်။ တွေ့တဲ့အခါမှာ သူတို့ဘက်က တင်ပြစရာတွေကို ကျမတို့ကို ပြောပြမယ်။...
ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့တာပါ။
လားရှိုးမြို့ ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းကို ရဲတပ်ဖွဲ့က ဝိုင်းဝန်းပြီး သင်းအုပ်ဆရာ ၉ ဦးအပါအဝင် အနည်းဆုံး လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးတာဟာ ရဲသတင်းပေးလို့ ယူဆသူတစ်ဦးကို ဆန္ဒပြသူတွေက ဘုရားကျောင်းဝန်းအတွင်း ဖမ်းဆီးခေါ်ဆောင်လာတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးမှာ တပ်မတော်ကို ထောက်ခံဆန္ဒပြသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေအကြား ဒီကနေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တပ်မတော် ထောက်ခံဆန္ဒပြသူတွေက လေးခွတွေ၊ ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြောင့် လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဒီလ ၁၁ရက်နေ့မှာ အရပ်သားအစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲကြောင်း ကြေညာခဲ့တာပါ။
ရန်ကုန်မြို့ရောက် တိုင်းရင်းသားလူမျိုးစု ၂၇ စုပါဝင်ဖွဲ့စည်းထားတဲ့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီက ဦးဆောင်ပြီး တရုတ်၊ ရုရှားနဲ့ ထိုင်းသံရုံးတွေကို ချီတက်ဆန္ဒပြခဲ့ကြပြီး သူတို့ လိုလားချက်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ လူထုအုံကြွမှုတွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှာပါ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ KIO ရဲ့ သဘောထား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ငါး ဦးကို ဒီနေ့ပဲ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်တပ်နဲ့ ရှမ်း၊ ကချင် လက်နက်ကိုင်အဖွဲ့တွေအကြား ဒီရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အခြေအနေတွေ တင်းမာနေပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အင်အားသုံး နှိမ်နင်းလာမယ်ဆိုရင် လူထုဘက်က ကာကွယ်ပေးမှာဖြစ်ကြောင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KIO ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ၄ ရက်မြောက် နေ့မှာတော့ ထောင်ဂဏန်းရှိတဲ့ တိုင်းရင်းသား လူငယ်တွေလည်း ပူးပေါင်းပါဝင်လာပါတယ်။
ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ မြို့နယ်အတော်များများက ပြည်သူတွေဟာ ထောင်နဲ့ချီစုဖွဲ့ပြီး ဆူးလေဘုရားနဲ့ မြို့တော်ခန်းမဘက်ကို ချီတက်လာခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့သူတွေဟာ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။
ရန်ကုန်မြို့ ဆူးလေးအနီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြ မြင်ကွင်း။ ~~~~~ ရနျကုနျမွို့ ဆူးလေးအနီး စဈအာဏာသိမျးမှုကို ကန့ျကှကျတဲ့ ဆန်ဒပွ မွငျကှငျး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပေမဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၇၀ ကျော်က လွှတ်တော်သစ် စတင်ကြောင်း ပြသတဲ့အနေနဲ့ ကတိသစ္စာပြု လက်မှတ် ရေးထိုးလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်