သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ အသေးစိတ်သတ်မှတ်နေတဲ့အဆင့် ရောက်နေပြီဖြစ်လို့ ယာဉ်ပျံတွေကို ဘယ်မြို့မှာ ပထမဆုံးစတွေ့ရမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
ဧပြီလ ၁၉ ရက်ကနေစပြီးတော့ ခြောက်ပတ်ကြာပြုလုပ်ကျင်းပမယ့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Narendra Modi ရဲ့ Bharatiya Janata ပါတီကို မဲပေးထောက်ခံဖို့ အခိုင်အမာ ပြင်ဆင်နေကြတဲ့ ဒီပြည်နယ်ကလူတွေ VOA သတင်းထောက် Anjana Pasricha သတင်းပေးပို့လာတာကို ကိုစံကျော် ပြောပြပါမယ်။
သြစတေးလျက Gold Coast ဆေးရုံထဲမှာတော့ ဆေးကျောင်းသားလူငယ်တွေဟာ ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ ဂီတအနုပညာအရည်အသွေးတွေကို ဖော်ထုတ်ပြသလို့ လာပါတယ်။ သူတို့ဟာ ၂ ပါတ်ကိုတစ်ကြိမ် ဒီဆေးရုံက ကင်ဆာဆေးကုသဆောင်မှာ အတူတကွ လာရောက်ဖျော်ဖြေကြတာပါ။ AP သတင်းဆောင်းပါးတစ်ပုဒ်ကို ကိုစံကျော်ပြောပြပါမယ်။
Maria Kobets ဟာ ယူကရိန်းမြောက်ဘက်ပိုင်း Chernihiv ဒေသက ပြတိုက်တစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတယောက်ပါ။ ဒါပေမယ့် သူ့ယောကျ်ား Andriy ယူကရိန်းစစ်တပ်ထဲကို ဝင်သွားချိန်မှာတော့ ယောက်ျားထားခဲ့တဲ့ ပန်းပဲဖိုလုပ်ငန်းကို တာဝန်လွှဲပြောင်းယူပြီး လုပ်ကိုင်ခဲ့ရပါတယ်။
ဟောင်ကောင်ရဲ့ အနုပညာလောကထဲ စီးပွားရေးကဏ္ဍက ပြန်လည်လှုပ်ရှားသက်ဝင်လို့ လာနေပါပြီ။ ဒီနှစ်ထဲ ပြုလုပ်ကျင်းပခဲ့တဲ့ Art Basel လို့ ခေါ်တဲ့ ထိပ်တန်းအနုပညာပြပွဲမှာ ပြခန်းပေါင်း ၂၄၂ ခန်းကို ခင်းကျင်းပြသခဲ့ပြီးတော့ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၃၇ ရာခိုင်နှုန်းအထိကို မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ရေအရင်းအမြစ်တွေနဲ့သက်ဆိုင်တဲ့ ပဋိပက္ခဖြစ်နိုင်ခြေတွေ ပိုတိုးလာနေတယ်လို့ သောကြာနေ့ကပြုလုပ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေနေ့အခမ်းအနားမှာ ကုလသမဂ္ဂကပြောပါတယ်။ Henry Ridgwell ပေးပို့ထားတဲ့သတင်းကို ကိုစံကျော်ပြောြပပါမယ်။
ရာသီဥတုဖောက်ပြန်မှုတွေက အီစတာ ချောကလက်တွေရဲ့ ဈေးတွေကိုပိုကြီးမြင့်စေပါတယ်။ ကိုကိုးအဓိက ထုတ်လုပ်တင်ပို့တဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ပျိုးကုန်ကျစရိတ်ပိုများခဲ့သလို အထွက်နှုန်းလည်း ကျစေခဲ့တာတွေကြောင့် ချောကလက်ဈေးနှုန်းတွေအပေါ်ကို သက်ရောက်မှုတွေရှိစေခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ၊ Perth မြို့မှာ အစားအစာချက်ပြုတ်ပြီးတော့ ချို့တဲ့သူတွေကို ကူညီပေးနေသလို ကမ္ဘာပေါ်က စစ်ဘေးသင့်ဒေသတွေမှာ နေထိုင်သူများတွေကို ကူညီပေးဖို့အတွက်ကိုလည်း Chris' Kitchen က ရံပုံငွေတွေ ရှာဖွေလို့နေပါတယ်။ AP သတင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ကိုစံကျော်ပြောပြပါမယ်။
AI ဉာဏ်ရည်တုနည်းပညာနဲ့ 3D ပရင့်ထုတ်တဲ့နည်းပညာတို့ကတော့ မော်တော်ကားဒီဇိုင်းနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေကို တော်လှန်ပြောင်းလဲပစ်လိုက်ပါပြီ။ Genia Dulot လောစ့်အိန်ဂျလိစ်က မျိုးဆက်သစ်ကားဂိုဒေါင်ဆီ သွားရောက်ရိုက်ကူးတင်ဆက်ထားတာကို ကိုစံကျော်ပြောပြပါမယ်။
ရုရှားကျုးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကို စွန့်ခွာသွားကြသူတွေထဲမှာ ဆပ်ကပ်တွေမှာ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်တဲ့ ယူကရိန်းနိုင်ငံသား လူငယ်တွေလည်း ပါဝင်ပါတယ်။ တခြားနိုင်ငံတွေမှာ သွားရောက် ဖျော်ဖြေ နေရပေမဲ့ စစ်ကြီးပြီးရင် ယူကရိန်းမှာ ပြန်ပြီး မိသားစုတွေနဲ့ နေဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။
တောင်အမေရိကတိုက်က ကိုလံဘီယာနဲ့ ဗဟိုအမေရိကတိုက် ပနားမားတို့ကို ဆက်သွယ်ပေးထားတဲ့ ကျဉ်းမြောင်းတဲ့ ဒေသတခုပေါ်မှာ Darien Gap ဆိုတဲ့ အန္တရာယ်အရမ်းများတဲ့ တောအုပ်တစ်ခုရှိပါတယ်။ ဒီတောအုပ်ဟာ မြောက်ဘက်မှာရှိတဲ့ အမေရိကန်နယ်စပ်ဆီ ဦးတည်သွားတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်လိုသူတွေ အသုံးပြုတဲ့လမ်းလည်းဖြစ်ပါတယ်။
ကင်ညာနိုင်ငံက ကုမ္ပဏီတစ်ခုဟာ ကမ်းခြေတွေပေါ်မှာပြန့်ကျဲနေတဲ့ ပလက်စတစ်အမှိုက် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီးတော့ နေရောင်ခြည်စွမ်းအင်သုံး ရေခဲသေတ္တာတွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ AP သတင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီးတော့ ကိုစံကျော် ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၅ဝကျော်အထိ မီးလောင်ပျက်စီးသွားတယ်လို့ ရက္ခိုင့်တပ်တော် AAထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ ဒီကနေ့မှာလည်းပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တချို့ မီးလောင်နေ တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
နေထိုင်စရိတ်မြင့်တက်လာမှုနဲ့ ကလေးပြုစုစောင့်ရှောက်ခတွေ ကြီးမြင့်လာတဲ့အချက်တွေက ထိုင်ဝမ်နိုင်ငံသားတွေအဖို့ ကလေးမွေးဖို့ထက် အိမ်မွေးတိရစ္ဆာန်တွေကိုပဲ ပိုမိုမွေးမြူဖို့ ဖြစ်လာစေတယ်လို့ ထိုင်ဝမ်စီးပွားရေး သုတေသနစင်တာက ဖော်ပြပါတယ်။
မကြာသေးခင်ကစလို့ ရခိုင်ပြည်နယ်ကို ပြန်လာသူတွေထဲက တချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ လူမျိုးရေးမုန်းတီးအောင် လှုံ့ဆော်မှု သတင်းတွေကြောင့် ရန်ကုန်လို မြို့ကြီးတွေက ပြန်လာသူတွေကို အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးနေတာပါ။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း သင်တောကျေးရွာနဲ့ ရွှေဘိုကျေးရွာက ဒေသခံအမျိုးသား ၉ ဦးကို စစ်တပ် ထောက်ခံတဲ့ ပျူစောထီးတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအများစုနဲ့ ကလေးငယ်တွေအပါအဝင် ၁၉ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ပြောလိုက်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်တပ်က အထိအခိုက်အကျအဆုံး များနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။
ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေ ရှေးရိုးစွဲအယူအဆတွေနဲ့ အရိုးဆွေးနေတဲ့ မော်ရိုကိုနိုင်ငံမှာ တက်တူးဆိုတာ ဒီကနေ့ အချိန်ထိ လူအများက လက်ခံသေးတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေ တက်တူးထိုးကြတဲ့အပေါ်ကို ဘဝင်မကျသဘောမတူဖြစ်တတ်ကြပါတယ်။ AP သတင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ကိုစံကျော် ပြောပြပါမယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုလောက်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို ကျောက်တော်နဲ့ မင်းပြားမြို့နယ်က စစ်ကောင်စီ တပ်ရင်း တချို့ကို ဒီရက်ပိုင်းအတွင်း သိမ်းပိုက်ထားနိုင်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်