စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေလျော့ကျသွားအောင် ပန်းချီအနုပညာနဲ့ ကုသနေသူတွေရဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းမှာရှိတဲ့ လောကနတ်ဂယ်လာရီမှာ အင်္ဂါနေ့က ကျင်းပသွားပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေကို ပန်းချီကတဆင့် ဖော်ပြခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ မစုစုက က ပြောပြပါမယ်။
စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျော့ကျသွားအောင် ပန်းချီအနုပညာနဲ့ ကုသနေသူတွေရဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းမှာရှိတဲ့ လောကနတ်ဂယ်လာရီမှာ အင်္ဂါနေ့က ကျင်းပသွားပါတယ်။ ရန်ကုန်ကနေ ဒီသတင်းကို မစုစု က ပေးပို့ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြကန့်ကွက်မှုတွေကို အကြမ်းဖက်နှိမ်နင်းနေရာမှာ၊ သတင်းလိုက်ယူနေတဲ့ သတင်းမီဒီယာတွေလည်း အကြမ်းဖက်နှိမ်နင်းခံနေရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၃၃ ရက်မြောက် ဒီကနေ့အထိ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အားကောင်းနေဆဲပါ။ ဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာပြင်းထန်သူတွေ ရှိလာနေပေမယ့် ကိုယ့်အနီးဝန်းကျင်လမ်းမတွေပေါ် ထွက်ပြီး အကာအရံတွေနဲ့ ပြည်သူတွေဘက်က ဆန္ဒပြနေကြတာပါ။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်လို့ တနိုင်ငံလုံးမှာ သေဆုံးသူပေါင်း ၅၀ ကျော်အထိ ရှိလာပါပြီ။ နေရာမှာတင် သေဆုံးသွားသူတွေကို ပြန်သယ်နိုင်ဖို့နဲ့ ဒဏ်ရာပြင်းထန်သူတွေကို ကယ်ထုတ်နိုင်ဖို့အတွက်ကြိုးပမ်းသူကိုလည်း အကြမ်းဖက်ဖမ်းဆီးတာတွေ ရှိလာပါတယ်။
စစ်တပ်က ဖွဲ့စည်းထားတဲ့အုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ပြဌာန်းလိုက်တဲ့ဥပဒေတွေဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးပြီးကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားမှုတွေဖြစ်တာကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC က နုတ်ထွက်လိုက်တာဖြစ်တဲ့အကြောင်းအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။ မစုစု ကဆက်သွယ်မေးမြန်းထားပါတယ်။
ဆန္ဒပြပွဲအတွင်း သေဆုံးသူကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ ရဲ့ ဈာပန မြင်ကွင်း။ ~~~ ဆန်ဒပွပှဲအတှငျး သဆေုံးသူကြောငျးဆရာမ ဒေါျတငျနှဲ့ရီ ရဲ့ ဈာပန မွငျကှငျး။
စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေထဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Milk Tea Alliance လို့ခေါ်တဲ့ ဆန္ဒပြနေ့မှာ လက်နက်ကိုင်တွေ ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေ ရှိခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မထပ်တိုး တရားစွဲလိုက်ပြီး ဒုတိယအကြိမ် ရုံးထုတ်ချိန်အထိ အမှုမှာ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ ပါဝါတင်ခွင့်မရသေးပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ နိုင်ငံကို စစ်အာဏာသိမ်းထားတာ တလ ရှိပါပြီ။ နှစ်ငါးလုံးနေ့ကတော့ လူထုလမ်းပေါ်ထွက်ဆန္ဒပြတဲ့ ပမာဏက မြန်မာ့သမိုင်းမှာ စံချိန်တင်ခဲ့တာပါ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ စုစု တင်ပြပေးထားပါတယ်။
ရန်ကုန်မြို့မှာ ဆန္ဒပြသူအများအပြား နေ့စဉ်စုဝေးတဲ့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီကနေ့ ရဲတွေက သေနတ်ပစ်ဖောက်ပြီး အင်အားသုံး ဖြိုခွဲခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေနဲ့ ပြည်သူတချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစု သတင်းပေးပို့ထားပါတယ။်
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြနေကြတာဟာ ဒီကနေ့ထိ ဆက်ရှိနေဆဲပါ။
အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ဆိုရင် ရက်သတ္တပတ် ၂ပတ်ရှိသွားပါပြီ။ ရန်ကုန်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နယ်ပယ်စုံက ပုံစံမျိုးစုံနဲ့ ပါဝင်နေကြတာပါ။ ရန်ကုန်မြို့က နောက်ဆုံးအခြေအနေကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။
ရန်ကုန်မြို့ လှည်းတန်းဆန္ဒပြပွဲ မနက်ပိုင်းမြင်ကွင်းများ
စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဒီကနေ့လည်း နေရာအနှံ့မှာ ဆက်လက် ပေါ်ပေါက်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းဖို့ ကြိုးစားရာက ထိပ်တိုက်ပြဿနာဖြစ်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုက ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အမှုတိုး တရားစွဲလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဒီကနေ့ Video Conferencing နဲ့ ရုံးထုတ်ရာမှာ အခုလို သိခဲ့ရတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပေမဲ့ ဒီနေ့အထိ ဥပဒေအကျိုးဆောင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေသလို၊ နိုင်ငံတကာကလည်း ဖိအားတွေ တိုးလာနေပါတယ်။ အာဏာသိမ်း နောက်ဆက်တွဲ နိုင်ငံရေး အခြေအနေတွေကိုတော့ ဒီသီတင်းပတ် သတင်းထောက်မှတ်စု အစီအစဉ်မှာ မစုစုက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး အလားအလာတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ လူထုရဲ့နိုင်ငံရေး လှုပ်ရှားမှု ရေချိန်တွေ နဲ့ ပတ်သက်ပြီး ဒေါက်တာ ခင်ဇော်ဝင်းကို VOA သတင်းထောက် မစုစုက မေးမြန်းထားပါတယ်။
အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ စနစ်တကျနဲ့ ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်