ရန်ကုန်၊ မန္တလေးနဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်အပါအဝင် နေရာတော်တော်များများမှာ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေအပါအဝင် သိန်းနဲ့ချီတဲ့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ။
စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လမ်းပေါ် လူထုဆန္ဒပြမှုတွေ ဖြစ်နေတာ အခုဆိုရင် နှစ်ရက်မြောက်သွားပါပြီ။ ရန်ကုန် မန္တလေးမြို့ကြီးတွေအပြင် မြန်မာနိုင်ငံမြို့အတော်များများမှာပါ ဆန္ဒပြမှုတွေ ရှိနေတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အုပ်ချုပ်မှု အပြောင်းအလဲတွေ ရှိနေပေမဲ့ အများပြည်သူအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံမယ့် အစီအစဉ်ကို သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။
အာဏာသိမ်းမှုအပြီး မြန်မာစစ်အစိုးရဘက်က နိုင်ငံတကာက ဖိအားပေးလာမယ့် အခြေအနေအပေါ် ဘယ်လိုတုံ့ပြန်နိုင်ခြေရှိသလဲ၊ စီးပွားရေး ရင်းနှီးမြုပ်နှံမှုအပေါ် ရိုက်ခတ်နိုင်ခြေတွေနဲ့ အထွေထွေအပေါ် မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က မစုစု က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပေမဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး စီစဉ်ထားတဲ့အတိုင်း ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
မြန်မာနိုင်ငံမှာ ခုချိန်ထိ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေထဲ ဓာတ်မတည့်သူ မရှိသလို ဆေးရုံတင်ရတဲ့ အခြေအနေထိ ရောက်သူလည်း မရှိဘူးလို့ ကိုယ်တိုင် ကာကွယ်ဆေးထိုးခံခဲ့သူ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်လောက်ကို တနှစ်အတွင်း ထိုးပေးဖို့ ရည်မှန်းထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်တဲ့သတင်းကို တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေးတွေ မနေ့က စတင်ထိုးပေး ပါတယ်။ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေ ဦးစားပေးအဖြစ် ပါဝင်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေး စတင်ထိုးနှံရာမှာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေ ပါဝင်ခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်မှာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက တာဝန်ယူနေကြတဲ့ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ကို အရင်ဆုံး စတင်ထိုးနှံပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံးဆေးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India နဲ့ ဗြိတိန်အောက်စ်ဖို့တက္ကသိုလ်တို့ ပူးတွဲသုတေသနလုပ် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး၊ ထိုးဆေး ၁,၅၀၀,၀၀၀ ဟာ ဒီကနေ့မွန်းလွဲပိုင်းမှာပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတာပါ။
လူဦးရေ ၁၅ သန်းစာအတွက် မှာယူထားတဲ့ ဒီကာကွယ်ဆေးတွေ ပထမအသုတ်အနေနဲ့ အလုံးရေ ဘယ်လောက်ရောက်ရှိမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ကာကွယ်ဆေးတွေ ရောက်လာရင် ဦးစားပေး အဆင့်ဆင့်ထိုးနှံရမယ့်သူတွေအတွက် စတင်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။
အိန္ဒိယနိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မော်လ်ဒိုက်နဲ့ ဆေရှဲတို့ကို ဒီကနေ့ပဲ စတင်ပို့ဆောင်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နဲ့ မော်ရေးရှပ်စ် နိုင်ငံတို့ကို တင်ပို့သွားမှာပါ။
ကပ်ရောဂါကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ပြည်နယ်တခုဖြစ်တဲ့ ဆလန်ကောက စက်ရုံတခုမှာရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေထဲက တချို့ကိုတော့ ဆေးရုံတင်ကုသပေးဖို့ စီစဉ်နေတယ်လို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝင်းမင်းစိုးက ပြောပါတယ်။
မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ကာလမှာ အသွားအလာတွေ များနိုင်တာကြောင့် ရောဂါကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်နေချိန်မှာပဲ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ ဒေသခံအာဏာပိုင်တွေက ရောဂါကာကွယ်ရေး အစီအစဉ်တွေ တိုးမြှင့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ကပ်ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကြောင့် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့ ဂျပန်ရောက် မြန်မာအသိုင်းအဝန်းက ပြောပါတယ်။
မြန်မာနိုင်ငံအတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖေဖော်ဝါရီလထဲ ရရှိတဲ့အခါ ဦးစားပေး အစီအစဉ်နဲ့ စတင်ထိုးနှံပေးဖို့ ပြင်ဆင်ထားတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူအတည်ပြုလူနာ တွေ့ရှိမှု ကျဆင်းလာသလို ၂၀၂၁ နှစ်အစောပိုင်းမှာ ရောဂါကာကွယ်ဆေး ရောက်ရှိလာတော့မှာမို့ လူထုကြားမှာ ရောဂါအန္တရာယ်ကို အလေးမထားမှာကို ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေကြပါတယ်။
ကပ်ရောဂါကာလ ယာယီရပ်နားထားခဲ့တာကြောင့် ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါရင်ဆိုင်ခဲ့ရတဲ့နှစ်ဖြစ်တဲ့ ၂၀၂၀ လွန်ပြီးတဲ့နောက်မှာတော့၊ ၂၀၂၁ခုနှစ် နှစ်သစ်ကစလို့ သက်ရှိသတ္တဝါအပေါင်း ကျန်းမာငြိမ်းအေးစေဖို့ ဘာသာပေါင်းစုံခေါင်းဆောင်တွေက ဆုတောင်းမေတ္တာပို့သထားတဲ့အကြောင်း တင်ဆက်ပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်