ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဆုံတွေ့ကြတဲ့အခါ နိုင်ငံတကာ အရေးနဲ ပတ်သက်လို့ ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးကြဖို့ ရှိနေပါလဲ။ ဘယ်လိုအကြောင်းအရာတွေက အဓိကလွှမ်းမိုးနိုင်ဖွယ် ရှိပါလဲ။ နယူးယောက်မြို့ ကုလဌာနချုပ်မှာ ရောက်နေတဲ့ မခင်ဖြူထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တချိန်တည်းမှာ အာဏာရှင်အဆက်ဆက် အမျိုးသမီးတွေ အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံတဲ့ ဖိုဝါဒကြီးစိုးမှုတွေ အဆုံးသတ်စေချင်တဲ့အတွက် ဒေါင်းမင်းစစ်ဆင်ရေး လက်နက်ကိုင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ကလေးတယောက် မိခင် single mother တဦးဖြစ်တဲ့ မအေးသောင်းက ပြောပါတယ်။
အမေရိကန်တယောက်ဟာ ဖဲချပ်တွေနဲ့ ကမ္ဘာ့အမြင့်ဆုံး တိုက်အိမ်တလုံး ၈ နာရီအတွင်း ဆောက်ပြနိုင်တာနဲ့ ကျုးဘားဘောလုံးသမားဟာလည်း အချိန်အကြာဆုံး ဘောလုံးတော့ ထိန်းပြနိုင်လို့ အချိန်အကြာဆုံးထိန်းနိုင်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်၊ ဒီလိုထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတင်ဆက်ထားပါတယ်။
ဘယ်သူဘယ်ဝါရေးဆွဲမှန်း အတိအကျမသိရတဲ့ နာမည်ကျော် အနုပညာရှင် Banksy ရဲ့ ၉ ခုမြောက် ပန်းချီလက်ရာကို လန်ဒန်တိရစ္ဆာန်ရုံမှာ တွေ့ရ၊ ဘယ်ဂျီယံမြစ်တစင်းမှာတော့ ရေချိုးကန်တွေကို ဖောင်အဖြစ်လုပ်ပြီး လှော်တဲ့ပြိုင်ပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာနေတဲ့ ကရင်ပြည်နယ်မှာ ကလေးငယ်တွေ အခြေခံပညာ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး ဒီလိုကြိုးပမ်းရာမှာ အမျိုးသမီးတွေ အများအပြား အဓိက ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာနရဲ့ အခြေခံပညာရေးဗျူရို အကြီးအကဲ နော်နယူးတန်ပယ်ထွန်း က ပြောပြပါတယ်။
ဗြိတိန်နိုင်ငံမှာ အိမ်ဝယ်မယ့်သူတွေ အိမ်ကိုကြည့်တဲ့နေရာမှာ အထူးအသုံးဝင်နဲ့ မျက်မှန်တမျိုး တီထွင်၊ အီကွေဒေါမှာတော့ ဖိနပ်စုသူ တဦး ဖိနပ်မျိုးစုံ စုစုပေါင်း အရံ ၇,၀၀၀ ကျော် စုထားပြီး ပြတိုက်ဖွင့်ဖို့ လုပ်ဆောင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မော်ဒယ်၊ အလှမယ်နဲ့ မင်းသမီး အိန်ဂျယ်လမုန်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံ တချို့ကို ပြီးခဲ့တဲ့သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ပြခဲ့ပါတယ်။ ဒီတပတ်တော့ သူလက်ရှိ အခြေချ နေထိုင်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘဝကို ဘယ်လို ပြန်လည် အစပြု ရပ်တည် ရှင်သန်နေပါလဲ။ မြန်မာ့အရေး အတွက်ရော ဘာတွေ ဆက်လက် ပါဝင် လှုပ်ရှားနေပါလဲ။
ဗြိတိသျှကုမ္ပဏီ လေနဲ့ ရေကိုသုံးပြီး မော်တော်ကားမောင်းလို့ရတဲ့ စွမ်းအင် လောင်စာဆီတမျိုး ထုတ်လုပ်ဖို့ စမ်းသပ်၊ ဗြိတိန်နိုင်ငံက ရွာတရွာမှာပဲ ကမ္ဘာ့ပဲစေ့မှုတ် ပြိုင်ပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ပြည်သူတွေရဲ့ အားပေးမှုကြောင့် နေရာတခုရခဲ့တဲ့ အနုပညာရှင်တယောက်အနေနဲ့ တိုင်းပြည် အမှောင်ကျပြီး ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ပြည်သူတွေနဲ့ပဲ အတူရှိချင်တယ်လို့ ရုပ်ရှင်သရုပ်ဆောင်၊ အလှမယ်နဲ့ မော်ဒယ်တဦးဖြစ်တဲ့ အိန်ဂျယ်လမုန်က ပြောပါတယ်။ မင်းသမီး အိန်ဂျယ်လမုန်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ဗြိတိန်နိုင်ငံ Norfolk မြို့က ရွာ တရွာမှာ ပြီးခဲ့တဲ့ အပတ်က ကမ္ဘာ့ခရုအပြေးပြိုင်ပွဲကို ကျင်းပ၊ စလိုဗေးနီးယားနိုင်ငံမှာတော့ ဒုတိယအကြိမ်မြောက် ရေပေါ် ဘော်လီဘောပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ ပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေကြောင့် အချိန်မရွေး စစ်မှုထမ်းဖို့ ခေါ်ယူခံရမှာကို စိုးရိမ်နေရတယ်လို့ လူငယ်အမျိုးသမီးတွေက ပြောပြကြပါတယ်။ ဒီလို လူငယ်အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတချို့ မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ စုစည်းတင်ဆက်ထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ ဖြတ်သန်း ကြုံတွေ့ရတဲ့ အခြေအနေတွေကို နိုင်ငံတကာက သိစေချင်တာကြောင့်ရော၊ မြန်မာပြည်သူတွေကို တဘက်တလှမ်းက ကူညီပေးချင်တဲ့ စိတ်ကြောင့်ပါ Zoomers ရုပ်ရှင်ကို ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ Dylan Chow (ဒီလန်ချောင်း) က ပြောပါတယ်။
ခရိုင်းမီးယားဒေသက ပန်းချီဆရာ တဦး ရေအောက်မှာ ပန်းချီ ရေးဆွဲနေ၊ ဗြိတိန်နိုင်ငံ တောင်ပိုင်း ပို့စ်မောက်မြို့မှာ မြွေတကောင်ဟာ မိတ်လိုက်တာမရှိဘဲ မြွေကလေး ၁၄ ကောင် မွေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဘာသာစကား အခက်အခဲနဲ့ စနစ်ကွဲပြားမှုတွေကြား ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမဲ့ သူဖြစ်ချင်တဲ့ ပညာရှင်တယောက် ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့လို့ ဂုဏ်ယူတယ်လို့ Naples Complex Health ဆေးရုံမှာ ဓာတ်ခွဲခန်းတာဝန်ခံ လုပ်နေတဲ့ မဖြူစိုးသွယ်က ပြောပါတယ်။ မခင်ဖြူထွေးက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မေးမြန်း တင်ဆက်ထားပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲတွေကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က တချို့သေဆုံးတာရှိသလို၊ဒေသခံအရပ်သားတဦးလည်း သေဆုံးတယ်လို့သိရပါတယ်။
ဗြိတိန်နိုင်ငံမှာ ကမ္ဘာ့တီကောင်ဖမ်း ပြိုင်ပွဲ ကျင်းပခဲ့၊ ဘရာဇီးနိုင်ငံသား တယောက် ဘောလုံးအင်္ကျီ အများဆုံး စုဆောင်းထားသူအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်၊
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့တာကို နိုင်ငံတကာက ထိရောက်တဲ့ ဥပဒေယန္တရားတွေနဲ့ ပူးပေါင်းဖိအားပေးသင့်တယ်လို့ NUG ကြားကာလလူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဝါရှင်တန်ဗွီအိုအေစတူဒီယိုမှာ မခင်ဖြူထွေးတွေ့ဆုံမေးမြန်းထားပါတယ်။
အင်းစိန်ထောင်တွင်းမှာ ၈ လ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဆက်သွယ်ရေးဌာန တာဝန်ခံ မခိုင်သဥ္ဇာအေးရဲ့ တွေ့ကြုံခဲ့ရတဲ့အခြေအနေတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်းတင်ဆက်ထားပါတယ်။
“မယ့်စလောင်းတောင်ကို မနေ့ကမနက်ပိုင်း ရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်ပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ ကျန်တဲ့အခြေအနေအသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိရသေးပါဘူးခင်ဗျ။”(တာအယ်စိုး- KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ)
"နိုင်ငံရဲ့အနာဂတ်လည်း အကုန်ပျက်သွားပြီ၊ ပျောက်နေတယ်။ ဇွတ်ကြီးကောက်လိုက်လည်း ပျောက်နေတဲ့လူငယ်တွေ ဘာလုပ်ရမှာလဲ။ သူတို့တတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ဖို့၊ မေ့ဖျောက်ဖို့ ကြိုးစားရတာလား။ နိုင်ငံတနိုင်ငံအတွက် သန်းခေါင်စာရင်းလိုတယ်။ ဒါပေမဲ့ဒီအခြေအနေမှာ မဖြစ်နိုင်ဘူး။ အဲဒါကိုဆိုလိုချင်တာ။" (မန္တလေးဒေသခံ)
နောက်ထပ်ကြည့်ရှုရန်