အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတွေဆီ ဦးတည်နေပြီး မေလ ၁၄ ရက်နေ့လယ်ပိုင်းမှာ ကုန်းတွင်းကိုဝင်မှာဖြစ်သလို ရွေ့လျားလာတဲ့ မိုခါရဲ့လေတိုက်နှုန်း တနာရီကို ၁၃၅ မိုင်အထိရှိပြီး ဟာရီကိန်းမုန်တိုင်းအဆင့် ၄ နဲ့ညီတယ်လို့ အိန္ဒိယမိုးလေဝသဌာနက မနေ့ကထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေမှာ အဓမ္မ ထိန်းသိမ်းခိုင်းစေခံရတဲ့ လိမ်လည်တဲ့ အလုပ်တွေ တည်ထောင်မှု စွပ်စွဲချက်နဲ့ ဟောင်ကောင်သား ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။
စကာၤပူ နိုင်ငံမှာ ကိုရိုနာကပ်ဘေးရောဂါ ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုတွေ ၂ နှစ်ကြာ ချမှတ်ကျင့်သုံးလာခဲ့ပြီးနောက်မှာတော့ ဇွန်လ ၂၄ ရက်နေ့ သောကြာနေ့ကစလို့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ အဆောင်ကနေ အပြင်ထွက်တဲ့ အခါမှာ အထူး ခွင့်ပြုချက် ရယူဖို့ မလိုအပ်တော့ပါဘူး။
အမေရိကန်သတင်းထောက် Danny Fenster ကို မြန်မာစစ်တပ်အာဏာပိုင်တွေက ထောင်ဒါဏ် ၁၁ နှစ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်အစိုးရက ပစ်တင်ရှုံချလိုက်ပြီး၊ ချက်ခြင်းလွှတ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပတဲ့ ၂၀၂၀ အိုလံပစ်ပွဲတော်မှာ အိန္ဒိယနိုင်ငံသား Neeraj Chopra ဟာ အိန္ဒိယနိုင်ငံ အတွက် ပထမဆုံး အိုလံပစ် ရွေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ Kaeng Krachan သစ်တောကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO - ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က စာရင်းသွင်းလိုက်ပေမယ့်လည်း ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေကတော့ အဲဒီ ဒေသတွင်းက တိုင်းရင်း ဒေသခံတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
Covid-19 ကူးစက် ဖြစ်ပွားမှုနှုန်း တဟုန်ထိုး တိုးလာနေတဲ့ အင်ဒိုနီးရှား နိုင်ငံဟာ အိန္ဒိယကို ကျော်ပြီး အာရှဒေသမှာ Covid-19 အဆိုးဆုံး ဒေသတခု ဖြစ်လာနေပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့တွေကို သွားရောက်ပြီး နျူကလီးယား လက်နက်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ မိန့်ကြားဖို့ရှိပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားကြား ရှေ့လထဲမှာ ထိပ်သီးအစည်းအဝေးလုပ်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ စနေနေ့က သဘောတူလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိတ်ပင်ထားတဲ့ အစ္စလာမ် အစွန်းရောက်ဝါဒီ အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ စစ်တကောင်းမှာ ဖမ်းလိုက်တယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။
ဒီနေ့ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုသူတွေထဲမှာ တိုင်းရင်းသားဒေသတွေက ကက်လသစ် ခရစ်ယန်ဘာသာဝင်တွေလည်း အများအပြားပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ရန်ကုန်မြို့ကိုလာပြီး စောင့်စိုင်းနေခဲ့ကြတာပါ။ AP, Reuter နဲ့ AFP သတင်းတွေမှာဖေါ်ပြတဲ့ တိုင်းရင်းသားတချို့ရဲ့ ပြောပြချက်တွေကို စုစည်းတင်ပြထားပါတယ်။