လာမယ့်ရွေးကောက်ပွဲအတွက် ကိုဗစ်ကာလစိတ်ဖိစီးမူအောက်မှာဖြစ်လာတဲ့ လက်ရှိမဲဆွယ်ပွဲတွေမှာ၊ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်တာတချို့ စရှိလာတယ်လို့ ပြိုင်ဘက် အဓိကပါတီကြီး (၂) ခုက စိုးရိမ်တကြီးပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးမူ အထူးသဖြင့် ရန်ကုန်မြို.မှာ ရတ်တရက်များလာနေတာ ဘာကြောင့်လဲ၊ ဘာတွေပြင်ဆင်ထားလဲဆိုတာကို၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဒုဥက္ကဌကို မေးမြန်းထားပါတယ်။
COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ရန်ကုန်အခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူတွေ ဦးဆောင်တဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကို နေပြည်တော်ကနေ စေလွှတ်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗွီအိုအေကိုပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကာလ ရွေးကောက်ပွဲကျင်းပရပုံ အထွေထွေကို၊ နိုင်ငံတကာဥပမာတွေနဲ့ ယှဉ်ပြီး၊ မြန်မာနိုင်ငံက သုတေသနအဖွဲ့တစ်ခုက၊ အထူးဆောင်းပါးတစ်စောင်အဖြစ်၊ မဲဆွယ်ပွဲစတဲ့ မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့က စတင်ခွင့်ပြုလိုက်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ COVID-19 ကြောင့် စည်းကမ်းချက်တွေ ပြင်းပြင်းထန်ထန် သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံ လာမယ့်ရွေးကောက်ပွဲမှာ အဓိကစောင့်ကြည့်မယ့် PACE အဖွဲ့ကို၊ ဇူလိုင်လကုန်တုန်းက ငြင်းလိုက်ပြီး၊ သြဂုတ်လလယ်မှာ ပြန်ခွင့်ပြုမယ်ပြောခဲ့ပေမဲ့၊ အသင်းအဖွဲ့မှတ်ပုံတင်ရမှလို့ ပြန်လည်ကန့်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ပြန်ပေးမယ်ဖြစ်သွားပြန်ပါပြီ၊ ဘယ်လိုဖြစ်သွားတာပါလဲ။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်က ရပ်စဲလိုက်တဲ့အကြောင်း သမ္မတဦးဝင်းမြင့်က ဒီကနေ့ အမိန့်ထုတ်ပြန်ပါတယ်။ ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံက ဝန်ကြီးချုပ်ကို ရာထူးကရပ်စဲဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သမ္မတရဲ့ အခုအမိန့်ထွက်လာတာပါ။
COVID ကူးစက်မူအသစ် မြန်မာနိုင်ငံမှာ နောက်ဆုံး ၁၀၀ နီးပါး ထပ်စံချိန်တင် တွေ့ခဲ့ရပြီး အများစုက ရခိုင်ပြည်နယ်က ဖြစ်တာမို့၊ အများဆုံးလူနာတွေကိုင်တွယ်နေရတဲ့ စစ်တွေဆေးရုံမှာ ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားမှာကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။
။ အခုရက်ပိုင်းမှာ ဒီနေ့မှာတော့ နည်းနည်းတော့ နည်းသွားတယ်။ သို့သော်လည်း ကျနော်တို့ကတော့ များလာမယ်လို့တော့ မျှော်လင့်ထားတာပေါ့နော်။ စစ်တွေဆေးရုံအရေအတွက် ကျော်သွားပြီဆရာ။ ဆေးရုံတရုံဆောက်ဖို့ဆိုတာကတော့ လွယ်တော့မလွယ်ဘူး သို့သော်လည်း ကျနော် ဆေးရုံဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ပြီးတော့ လုပ်ထားပါတယ်။
စစ်တွေနဲ့ ရခိုင်အခြားမြို့တချို့မှာ ပိုးတွေတာ ဆတိုးများလာနေပြီး ဆက်တိုးဖို့လည်းများပေမယ့် ပြင်းထန်မူနည်းသေးကာ ထိထိရောက်ရောက်ထိန်းချုပ်ဖို့ ပြင်ထားတယ်လို့၊ ရခိုင်ကိုဗစ် အရေးပေါ်တုံ့ပြန်မူ ဗဟိုကွင်းဆင်းအဖွဲ့က ဆိုပါတယ်။
အခုနောက်ဆုံး ကိုဗစ်ပိုးတွေ့ရှိမူ မနေ့ အင်္ဂါနေ့ည စာရင်းအရ၊ ပြည်တွင်းကူးစက်မူဖြစ်နိုင်ပြီး၊ ရခိုင်နဲ့လည်း ခရီးသွားဆက်စပ်မူမရှိတဲ့၊ တောင်ကြီးက ပိုးတွေသူတစ်ဦး ထူးထူးခြားခြား ပါလာခဲ့ပါတယ်။
စစ်တွေမြို.မှာ ကိုဗစ်ကူးစက်မူအလွန်မြန်ဆန်စိုးရိမ်နေရတာမို့၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့၊ IDP စစ်ဘေးရှောင်စခန်းနဲ့ ဈေးတွေကို အဓိကထားပြီး ကာကွယ်ထိန်းချုပ်ရေးတွေလုပ်တော့မှာပါ။
ငြိမ်းချမ်းရေး ပင်လုံညီလာခံကြီးကို နှစ်နဲ့ချီ မကျင်းပနိုင်ခဲ့ရာကနေ၊ စတုတ္ထအကြိမ်အဖြစ် အခု ရွေးကောက်ပွဲမတိုင်ခင်လေးမှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီလ (၁၉) (၂၀) (၂၁) ရက်မှာ ကျင်းပခဲ့တဲ့ ဒီညီလာခံရဲ့ သဘောတူရလဒ်တွေက ဘယ်လို ထူးခြားအရေးပါမူရှိပါလဲ။
ရခိုင်ပြည်နယ် စစ်တွေမြို.မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ရုတ်တရက်တက်လာပြီး၊ တစ်နိုင်ငံလုံးမှာလည်း (၄၀၀) ကျော်အဆင့်ကို ရောက်သွားပါပြီ။
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ မဲစာရင်းမှားတာတွေက ထိပ်ပိုင်းခေါင်းဆောင်တွေကစပြီး အောက်ခြေလူအတော်များများအထိ ရိုက်ခတ်နေပါတယ်။ ဘာကြောင့် အဓိကဖြစ်ရပြီး၊ ဘယ်လိုပြင်ဆင်သင့်ပါလဲ။
မြန်မာ့တပ်မတော်က အရင်ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အခု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွေမန်းနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း စောမူတူးဆေးဖိုးတို့ တနင်္လာနေ့ သြဂုတ်လ (၁၇) ရက်နေ့က နေပြည်တော်ရှိ ဦးရွေမန်းအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ စောင့်ကြည်ရေး မကြာခင်က ပိတ်ပင်ခံခဲ့ရတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမူအဖွဲ့ (PACE) ကို ပြန်ခွင့်ပြုလိုက်ပါပြီ။
လာမယ့်ရွေးကောက်ပွဲမှာ အရင်အစိုးရပါတီ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တစ်နိုင်ငံလုံးမှာ ပြိုင်နိုင်ပေမဲ့၊ တိုင်းရင်းသားတွေအပေါ် သဘောထားကြီးပြီး လျော့ပြိုင်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID အနေနဲ့ ဆဟာရသဲကန္တာရတောင်ပိုင်း အာဖရိက နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ သန်း ၃၅၀ ကျော် ကူညီ ပံ့ပိုးပေးဖို့ ဇွန်လအစောပိုင်းမှာ အခိုင်အမာ ဆုံးဖြတ်ခဲ့ပါတယ်။
လာမယ့် ပင်လုံညီလာခံကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကန့်အသတ်နဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဒီ အဖွဲ့တွေထဲ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို မဖိတ်ဘဲ ကန့်သတ်လိုက်တာကြောင့် ဒီတစ်ခေါက် တက်သင့်၊ မတက်သင့်ကို စုပေါင်းဆွေးနွေးကြဖို့ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်