အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဂါဇာကမ်းမြောင်ဒေသက ၁၃ထပ်တိုက်တစ်လုံးပြိုလဲသွားခဲ့တာပါ။ အဲဒီအဆောက်အအုံမှာနေထိုင်သူတွေက တနာရီလောက်အလိုက ပြောင်းရွှေ့နေကြဖို့ သတိပေးမှုရှိခဲ့ပေမယ့် ပြိုကျသွားချိန်မှာ လူတွေကျန်နေသေးသလားဆိုတာတော့ ချက်ချင်းမသိရပါဘူး။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာရယူထားပြီး ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတစ်ဝှမ်းနေရာအနှံ့ ဆက်ရှိနေသလို စစ်ကောင်စီတပ်တွေကလည်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာတွေ ဆက်လုပ်နေပါတယ်။
ငွေထုတ်ဖို့အတွက် ဘဏ်တွေက တိုကင်နံပါတ်နဲ့ အလှည့်ကျ တန်းစီဖို့ စီစဉ်ပေမဲ့လည်း တိုကင်နံပါတ်ယူဖို့ ဖုန်းခေါ်တဲ့အခါ ဖုန်းဖြေမယ့်သူမရှိတာ၊ အွန်လိုင်းကနေ တိုကင်နံပါတ်ယူတော့လည်း သုံးတဲ့လူများလွန်းတာကြောင့် အလုပ်မဖြစ်တာတွေနဲ့ ကြုံရတယ်လို့ ပြောကြပါတယ်။
Space X ကုမ္ပဏီရဲ့ Falcon-9 အာကာသဒုံးယာဉ်ကို ဇန်နဝါရီ ၂၄ရက်နေ့က ဖလော်ရီဒါပြည်နယ် Cape Canaveral ကနေ လွှတ်တင်ခဲ့ပါတယ်။ ဒါဟာ Transporter 1 လို့နာမည်ပေးထားတဲ့ စီမံချက်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဆက်သွယ်ရေးဂြိုဟ်တုပေါင်း ၁၄၃ခု စံချိန်တင် တင်ဆောင်သွားတာဖြစ်ပါတယ်။
အီဂျစ်နိုင်ငံမှာ အညောင်းအညာတွေပြေစေဖို့ မြွေအနှိပ်ခန်းတခုကို ဆန်းသစ် ဖွင့်လှစ်ထားပါတယ်။ ပီးရူးကနတ်ဆရာတွေကတော့ ၂၀၂၁ နှစ်သစ်တွက် ကံကောင်းခြင်းတွေရဖို့ သူတို့ရဲ့ ရိုးရာဓလေ့ အစဉ်အလာတွေအတိုင်း မန်းမှုတ်ခဲ့ကြပါတယ်။ ထူခြားဆန်းပြားသတင်းများကို အလိမ္မာနဲ့ ကိုဝင်းခန့်မောင်တို့က တင်ဆက်ပေးထားပါတယ်ရှင်။
၂၀၂၀ခုနှစ်ကုန်ဆုံးပြီး၂၀၂၁ နှစ်သစ်ကူးပြောင်းသွားပါပြီ။ ၂၀၂၀ ဟာ တကမ္ဘာလုံး ကိုဗစ်19 ကပ်ရောဂါဆိုးကြီးဒဏ်ကို အလူးအလဲခံခဲ့ရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။၂၀၂၀ခုနှစ်မှာ မြန်မာ့နိုင်ငံရေးမှာ ဖြစ်ထွန်းခဲ့တဲ့ အရေးကြီးကိစ္စတွေကို ပြောပြမှာပါ။
VOA တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက် ထုတ်လွှင့်နေပါတယ်။ ၂ဝ၂ဝ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေး ထူးခြားတဲ့ ဖြစ်စဉ်တွေအပေါ် VOA မြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာကို ကိုဝင်းခန့်မောင် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
Coronavirus ပိုး စတင်ကူးစက်ချိန် ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီအစောပိုင်းကာလတွေမှာကတည်းက ဒီရောဂါနဲ့ပတ်သက်တဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက အင်တာနက်မှာပျံ့နှံ့နေခဲ့ပါတယ်။
စင်ရော်တွေ သိမ်းပိုက်လိုက်တဲ့ ပီရူးကမ်းခြေ
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ဟန့်တားထားတဲ့ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၅၉ (စ) အပါအဝင် ဥပဒေကြမ်းတချို့ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတာမှာ ထောက်ခံမဲ ၇၅ % မကျော်တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာအကြောင်း AFP ဆောင်းပါးတပုဒ်ကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
Nebraska ပြည်နယ် Omaha မြို့မှာ ကိုရိုနာဗိုင်းရပ်သံသယလူနာအဖြစ်ထိန်းသိမ်းခံရထားရတဲ့ အမျိုးသမီး (၂)ဦးကို ရောဂါပိုးမတွေ့တာကြောင့် မတ်လ ၂ရက်နေ့က အိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။ ပြန်ထွက်လာချိန်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ အခုလို တံတောင်ချင်းတိုက်ပြီး သူတို့နှုတ်ဆက်ခဲ့ကြပါတယ်။
အသက် ၁၈နှစ်ရှိ Monty လို့ခေါ်တဲ့ စပါးအုံးမြွေတစ်ကောင်ဟာ ခွဲစိတ်ကုသမှုတစ်ခုခံယူခဲ့ရပါတယ်။ အကြောင်းကတော့ ကမ်းခြေမှာရှိနေတဲ့ ကိုယ်သုတ်ပဝါတစ်ထည်ကို မျိုမိလို့ပါ။ သြစတြေးလျနိုင်ငံ Sydney ပြည်နယ် North Ryde မှာရှိတဲ့ တိရစ္ဆာန်အထူးကုဆေးရုံတစ်ရုံက အခုလိုအောင်အောင်မြင်မြင်ခွဲစိတ်ပေးခဲ့တာပါ။ #voasocial
ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အခြေအနေဆိုင်ရာ နှစ်စဉ်အစီအရင်ခံစာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ပါတယ်။ ၁၄ နှစ်ကာလအတွင်း ကမ္ဘာတဝှမ်း ဒီမိုကရေစီစနစ်ဟာ အဟန့်အတားလုပ်ရပ်တချို့နဲ့ ရင်ဆိုင်နေရကြောင်း Arash Arabasadi ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
(Zawgyi / Unicode) ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒီမိုကရေစီ အခြေအနေ ၊ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နှစ်စဉ် အစီအရင်ခံစာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် လေကြောင်းခရီးစဉ်နဲ့ အပျာ်စီးသင်္ဘောခရီးစဉ်တွေကို လူတွေက စိုးရိမ်လာကြပါတယ်။ တချို့ကတော့ ဒီရောဂါဖြစ်ပွားတဲ့နိုင်ငံတွေမှာ ပြင်ဆင်ထုပ်ပိုးတဲ့ တရုတ်အစားအစာတွေကို ရှောင်တာအထိဖြစ်လာပါတယ်။ Carol Pearson ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အီတလီနိုင်ငံ Lombardy ပြည်နယ်က Codogno မြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေကို အပြင်မထွက်ကြဖို့ အစိုးရကနှိုးဆော်ထားတာကြောင့် လမ်းတွေပေါ်မှာ အခုလိုခြောက်ကပ်နေပါတယ်။ မြို့ထဲက လူ(၆)ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် အခုလို အများပြည်သူသွားလာရေးနေရာတွေကို ပိတ်ပင်လိုက်တာပါ။ #voaburmese #voasocial
Husen Abdullah ဟာ သူရဲ့ နှုတ်ခမ်းမွေးကို ဘယ်တော့မှမရိတ်ခဲ့ပါဘူး။ အီရတ်နိုင်ငံက ကာ့ဒ်လူမျိုးတွေအခြေချရာ သူ့ဇာတိမြို့ Soran မှာ သူဟာ လူသိများသူတစ်ယောက်ဖြစ်လာပါတယ်။ လမ်းမှာတွေ့သူတွေကလည်း နာမည်ကြီး သူ့နှုတ်ခမ်းမွေးနဲ့တွဲပြီး ဓါတ်ပုံရိုက်တတ်ကြပါတယ်။ #voaburmese #voasocial
အီတလီနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက် ပြန့်နှံ့မှှုကို ထိန်းချုပ်ဖို့ အစိုးရအာဏာပိုင်တွေဟာ Lombardy နဲ့ Veneto ပြည်နယ်တွေတွင်းက အများပြည်သူလာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတွေကို ပိတ်ပင်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Zlatia Hoke ရဲ့ဆောင်းပါးကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
တရုတ်နည်းပညာကုမ္ပဏီ Huawei ကို 5G နည်းပညာနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံတွင်း လုပ်ပိုင်ခွင့်ပြုလိုက်တဲ့အပေါ် ဗြိတိန်အစိုးရကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပါတယ်။ Huawei ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အစွယ်အပွားဖြစ်တယ်လို့ သူက စွပ်စွဲနေတာပါ။ Henry Ridgwell သတင်းလွှာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အရှေ့အာဖရိကကို ခြိမ်းခြောက်လာနိုင်တဲ့ကျိုင်းကောင်
နောက်ထပ်ကြည့်ရှုရန်