Coronavirus ပြန့်နှံ့ကူးစက်နေတဲ့ အခြေအနေကို အများပြည်သူ ကျန်းမာရေးအရ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်ပါပြီ။
(Zawgyi/Unicode) သြဇီပြည်နယ်(၂)ခုမှာ သဲမုန်တိုင်းတိုက် သွဇီပွညျနယျ(၂)ခုမှာ သဲမုနျတိုငျးတိုကျ
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျယ်လိစ်နဲ့ နယူးယောက်မြို့ လေဆိပ်တွေမှာ နမိုးနီးယား အဆုတ်ရောင်ရောဂါသစ် စတင်ပြန့်ပွားရာ တရုတ်ပြည် ဝူဟန်မြို့ကနေ လာတဲ့ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ VOA သတင်းထောက် Michelle Quinn ရဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင် ပြောပြပါမယ်။
သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်က တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အာဏာပိုင်တွေဟာ တောမီးသင့်ခဲ့ရာနေရာတွေမှာ အလေးချိန် ၂ တန်ရှိတဲ့ ကန်ဇွန်းဥနဲ့ မုန်လာဥနီတွေကို ဝေဟင်က ကြဲချပေးခဲ့ပါတယ်။ တောမီးကနေ အသက်မသေဘဲ ကျန်ရစ်တဲ့ တိရစ္ဆာန်တွေအတွက် အစာအဟာရဖူလုံရေး အခုလို လုပ်ဆောင်ခဲ့တာပါ #voaburmese #voasocial
ချီလီနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေစဉ်မှာပဲ ဆန္ဒပြသူတွေကြားထဲ ကားမောင်းနှင်ခဲ့တဲ့ ချီလီရဲအရာရှိတစ်ဦးဟာ အခု တရားရင်ဆိုင်နေရပါတယ်။ သူ့ကားနဲ့အတိုက်ခံရတဲ့ သူကတော့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာတက်နေရဆဲပါ။ ဆန်တီယာဂိုရဲဌာနကတော့ ဒါကို ယာဉ်မတော်တဆမှုအဖြစ် စုံစမ်းစစ်ဆေးနေရပါတယ်။
ဗြိတိန်ဘုရင်မကြီးရဲ့ ဒုတိယသားတော် မင်းသား Andrew ဟာ သူရဲ့တာဝန်ထမ်းဆောင်မှုတွေကို ရပ်နားလိုက်ပြီ။ ဒီအတောအတွင်း မင်းသား Harry နဲ့ ကြင်ယာတော် Markle တို့ဟာလည်း အများပြည်သူမြင်ကွင်းကနေ ပျောက်နေပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
သြစတေးလျနိုင်ငံ Brisbane မြို့မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲအတွင်း မတော်တဆဖြစ်မှုကြောင့် ပြိုင်ပွဲဝင်အများအပြား ထိခိုက်ခဲ့ရပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ ကွင်း၂ပတ်ပဲလိုတော့တဲ့အချိန်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။#voaburmese #voasocial
ICJ တရားရုံးမှာ မြန်မာနိုင်ငံ တရားစွဲခံရတဲ့အမှုကို ကြားနေချိန်မှာ တရားရုံးအပြင်မှာ စိတ်ဝင်တစားစောင့်ကြည့်နေသူတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာပြီးတော့ အမှုရင်ဆိုင်တဲ့အပေါ် အားပေးထောက်ခံနေသူတွေ ရှိသလို အမှန်တရားပေါ်ပေါက်စေရေး မျှော်လင့်နေကြသူတွေပါ တရားရုံးအပြင်မှာ ရှိနေတာပါ။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို ICJ နိုင်ငံတကာတရားရုံးက ကြားနာပွဲတွေ ကျင်းပနေတဲ့အချိန်မှာပဲ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ICJ ရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။ ဒီအကြောင်း ICJ တရားရုံးရှေ့ကနေ ကိုဝင်းခန့်မောင်က သတင်းပေးပို့ထားပါတယ်။
နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ တရားရုံးကြားနာပွဲ ဒုတိယမြောက်နေ့မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တရားစွဲဆိုထားတဲ့အပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ စုဝေးရောက်ရှိနေကြပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု ICJ နိုင်ငံတကာ တရားရုံးက ကြားနာပွဲတွေ ကျင်းပနေတဲ့အချိန်မှာပဲ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူတွေ ICJ တရားရုံးရှေ့မှာ စုဝေးနေကြပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ကန့်ကွက်သူ၊ ထောက်ခံသူတချို့ကို ကိုဝင်းခန့်မောင်က မေးမြန်းထားပါတယ်။
နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တရားစွဲဆိုထားတဲ့အပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ စုဝေးရောက်ရှိနေကြပါတယ်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တရားစွဲဆိုထားတဲ့အပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ စုဝေးရောက်ရှိနေကြပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော်ဟာ ၂၀၁၉ ခရစ္စမတ်ကာလအတွက် ပြင်ဆင်ထားမှုတွေကို ဒီဇင်တာ ၂ ရက်နေ့က ပြသလိုက်ပါတယ်။ ဒါဟာ သမ္မတ Trump နဲ့ မိသားစုအတွက် တတိယမြောက် အိမ်ဖြူတော် ခရစ္စမတ်လည်းဖြစ်ပါတယ်။ #voaburmese #voasocial
ထိုင်းနိုင်ငံမှာတော့ လမ်းကူးသူတွေ ကားမတော်တဆတိုက်မှုလျှော့ချနိုင်အောင် ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းခဲ့ပါတယ်။ အဲဒါကတော့ လူကူးမျဉ်းကျားကို 3D ရုပ်လုံးကြွ ဒီဇိုင်းနဲ့ ပြန်လည်တီထွင်ဖန်တီးခဲ့တာပါ။ ကျောင်းသားတွေနဲ့ လုပ်အားပေးတွေက ဒီစီမံကိန်းကို အကောင်အထည်ဖော်ပေးခဲ့ကြပါတယ်။
လစ်ဗျားနိုင်ငံ Tobruk မြို့မှာတော့ ခွန်အားအရှိဆုံး အမျိုးသားပြိုင်ပွဲကို နိုဝင်ဘာ ၁၈ရက်နေ့က ကျင်းပခဲ့တာမှာ လူငယ်ကစားသမား ၁၅ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူတို့ဟာ သာမာန်အလေးမ လေ့ကျင့်ခန်းတွေထက် ဂျစ်ကားတွေကို ဆွဲပြတာ၊ သဲအိတ်တွေကို ထမ်းတာစသဖြင့် တမူထူးခြားစွာ ပြိုင်ပွဲဝင်ခဲ့တာပါ။ #voaburmese #voasocial
ရုပ်ပြကာတွန်းတွေထဲက စူပါဟီးရိုးတွေလိုပဲ လေထဲပျံဝဲနေကြသူတွေကတော့ Fred Fugen နဲ့ Vincce Reffet တို့ပဲဖြစ်ပါတယ်။ လေပေါ်ပျံနိုင်တဲ့ အတောင်တွေဝတ်ဆင်ထားပြီး သူတို့ဟာ တရုတ်ပြည်က တောင်တန်းတစ်ခုပေါ်မှာ တစ်နာရီကို ကီလိုမီတာ ၄၀၀နှုန်းနဲ့ပျံသန်းခဲ့ပြခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ဟာ Thanksgiving ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေကို ပရဟိတအဖွဲ့တွေက စားသောက်ဖွယ်ရာတွေ ဒါနပြုကြပါတယ်။ ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းက အကြီးဆုံး အစားအစာပရဟိတအဖွဲ့အကြောင်း Deborah Block သတင်းပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
သြစတေးလျနဲ့ ကိုလံဘီယာနိုင်ငံက ချောက်ကမ်းပါးအမြင့်ခုန် ချန်ပီယံတွေဖြစ်တဲ့ Rhiannan Ifflandနဲ့ Orlando Duque ဟာ ဒီတစ်ခါတော့ တမူထူးခြားတဲ့ အိန္ဒိယနိုင်ငံ Jodhpur မြို့က သမိုင်းဝင် Toorji Ka Jhalra ရေကန်ထဲကို ဒိုင်ဗင်ထိုးခဲ့ကြပါတယ်။
အီရန်နိုင်ငံထဲမှာ အင်တာနက်ဖြတ်တောက်ထားတာ ရက်အတော်ကြာနေပါပြီ။ ဓါတ်ဆီဈေး မြင့်တက်မှုကြောင့် အကြမ်းဖက်ဆန္ဒပြသူတွေကို နှိမ်နှင်းတဲ့အနေနဲ့ အစိုးရက ခုလိုဖြတ်ထားတာပါ။ အရင်ကလည်း ဖြတ်တောက်ခဲ့ဖူးပေမဲ့ ဒီတကြိမ်ကတော့ နိုင်ငံအနှံ့ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။ Michelle Quinn သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်