အောင်မြင်တဲ့ ကာတွန်းဆရာတွေဟာ ကာတွန်းဆွဲတဲ့ ခဲတံနဲ့ ထက်မြက်တဲ့ပုံတွေကို စူးရှတဲ့ သတင်းသုံးသပ် ချက်တပုဒ်လို ရေးနိုင်ကြပါတယ်။ Pulitzer ဆုရှင် ကာတွန်းဆရာတယောက် အကြောင်း VOA သတင်းထောက် Anush Avetisyan ပေးပိုတဲ့သတင်းလွှာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
တရုတ် Xiongan စီးပွားရေးဇုံ စီမံချက်
သန်းနဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေက နေ့စဉ် ပလတ်စတစ်ဘူးတွေကတဆင့် အသုံးပြုနေကြပြီး စွန့်ပစ်ခံနေရတာကြောင့် အမေရိကန်စွန့်ဦးတီထွင်သူတချို့ကတော့ ဒီဘူးတွေကို ပြန်သုံးပြီး ဖိနပ်တွေအဖြစ်နဲ့ ဆန်းသစ်တီထွင်လာကြပါတယ်။ Deborah Blockရဲ့ သတင်းကိုအခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပေးမှာပါ။
snow satellite လို့ခေါ်တဲ့ နှင်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းမယ့် ဂြိုဟ်ထုသစ်တစ်ခုကို ဖန်တီး လွှတ်တင်ဖို့ NASA သိပ္ပံပညာရှင်တွ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Shelley Schlender ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ
ကျန်းမာရေး စောင့်ရှောက်မှုနည်းတဲ့ မြန်မာနိုင်ငံမှာသားဖွားသူနာပြုမျိုးဆက်သစ်တွေ မွေးထုတ်ပေးနေပြီး နိုင်ငံအနှံ့ ဖြန့်ကျက်ထားရှိနိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ မီးဖွားစဉ် မိခင်သေဆုံးမှုနှုန်း အမြင့်ဆုံးပါ။ ဒီအကြောင်း ရိုက်တာသတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဆိုဗီယက်ပြည်ထောင်စုရဲ့ ယခင်ပြည်နယ်တစ်ခုဖြစ်ခဲ့တဲ့ Baltics ဒေသကို နေတိုးမဟာမိတ်အဖွဲ့တွေက ဒီနှစ်အစောပိုင်းမှာစစ်သည်အင်အားတိုးမြှင့်ချထားတာကိုရုရှားကတော့ ခြိမ်းခြောက်တာလို့ဆိုပါတယ်။ဒေသခံရုရှားလူမျိုးတွေက အမြင်အမျိုးအမျုးိရှိနေပါတယ်။ Daniel Schearf ရဲ့ သတင်းကို ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
ဗဟိုအာဖရိက သမ္မတနိုင်ငံမှာ ဘာသာပေါင်းစုံ လူငယ်တွေပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးကို ဆော်သြဖို့ Hip Hop အဆိုတော်တွေ၊ အနုပညာရှင်တွေရဲ့ အဖွဲ့အစည်းတခု ဖွဲ့စည်းထားပါတယ်။ အကြမ်းဖက်မှုကို တိုက်ဖျက်မယ့်လက်နက်လို့ခေါ်တဲ့ ဒီအဖွဲ့အကြောင်း Zack Baddorf သတင်းလွှာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
Pew သုသေတနဌာနရဲ့ စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုမှာ ကပြား အမေရိကန်နိုင်ငံသား အရေအတွက် တိုးပွားလာမှုဟာ တနိုင်ငံလုံးလူဦးရေ တိုးတက်မှုနှုန်းထက်စာရင် သုံးဆလောက် ပိုများလာပါတယ်။ Los Angeles မြို့က လူမျိုးကွဲ မိသားစုတွေအကြောင်း Elizabeth Lee သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ISIS ရဲ့ စီးပွားရေးဟာ ကျဆုံးနေပြီး ဘဏ္ဍာရေးဟာလည်း မကြာခင် ပြိုလဲသွားဖို့ ရှိနေကြောင်း စစ်သွေးကြွအဖွဲ့ရဲ့ ငွေကြေးကဏ္ဍကို အသေးစိတ်လေ့လာနေတဲ့ လန်ဒန်အခြေဆိုက် ပညာရှင်တစ်ဦးကဆိုလိုက်ပါတယ်။ ဒီအကြောင်း Henry Ridgwell ရဲ့ သတင်းကိုအခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပေးမှာပါ။
သမ္မတအမိန့်နဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ချက်ဟာ အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကနေ ကာကွယ်ဖို့အတွက်လို့ ပြောပါတယ်။ လူအများစုကတော့ ဒီအမြင်ကို သဘောမတူကြပါဘူး။ အခုလို သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကိုလေ့လာထားတဲ့ Carol Pearson ရဲ့ သတင်းကိုအခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပေးမှာပါ.
လောင်စာဆီအစား လျှပ်စစ်ဓါတ်ကိုအသုံးပြုတဲ့ အများသုံးယာဉ်တွေ စတင်ပေါ်ပေါက်လာနေတာနဲ့အမျှ ကမ္ဘာတလွှားက မြို့တော်ကြီးတွေမှာ မော်တော်ယာဉ် မီးခိုးတွေကြောင့် အဓိကဖြစ်ရတဲ့ လေထုညစ်ညမ်းမှု နည်းသထက်နည်းအောင် ကြိုးစားနေကြပါတယ်။ ဒီအကြောင်း George Putic ရဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
မီးခိုးတွေဖုံးနေတဲ့ မိုးမျှော်တိုက်တွေဟာ ဘေကျင်းမှာ မြင်နေကျမြင်ကွင်းတခုပါ။ လေထုညစ်ညမ်းမှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲပြီး ဖြေရှင်းမယ်လို့ ကတိပြုထားပေမယ့် ချက်ခြင်းဖြေရှင်းလို့ရတဲ့ ပြဿနာတရပ်တော့ မဟုတ်ပါဘူး။ Faith Lapidus သတင်းကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
Michigan ပြည်နယ် အခြေဆိုက် Ford မော်တော်ကားကုမ္ပဏီဟာ မက္ကဆီကိုမှာ အသစ်ဆောက်မယ့် သူရဲ့စက်ရုံအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒီအစား Michigan ပြည်နယ်၊ Flat Rock မြို့မှာရှိတဲ့ ပစ္စည်းတပ်ဆင်တဲ့စက်ရုံကိုပဲ တိုးချဲ့တော့မှာဖြစ်ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ကားငယ်တစင်းစာ အရွယ်အစားရှိတဲ့ အဝေးထိန်းယာဉ်တခုဟာ လေယာဉ်တွေ ရဟတ်ယာဉ်တွေ သွားလာလို့မရတဲ့ နေရာတွေကိုပါ သွားလာ ပျံသန်းနိုင်တာကြောင့် လေကြောင်းလောကကို အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ အစ္စရေး တီထွင်သူတွေက ပြောပါတယ်။ Faith Lapidus ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုဟာ အမေရိကန်ကမ်းရိုးတန်းဒေသအများအပြားမှာ ရေကြီးမှုတွေကို မကြာခဏ ပိုပြီးကြုံလာရစေပါတယ်။ ဒါကြောင့်လည်း အိမ်ခြံမြေလုပ်ငန်းတွေထိခိုက်လာပြီး အာမခံံကြေးတွေ တက်လာပါတယ်။ Jim Randle ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က ပြောပြထားပါတယ်။
ကျူးဘားတော်လှန်ရေးခေါင်းဆောင်FidelCastroကွယ်လွန်သွားတာနဲပတ်သက်လို့ကျူးဘားနွယ်ဖွားအမေရိကန်နိုင်ငံသားတွေက ဒါနိုင်ငံတွင်း ဆယ်စုနှစ်ကြာဖိနှိပ်ခံထားရတဲ့ လူ့အခွင့်အရေးပြဿနာတွေ တိုးတက်လာမယ့် အခွင့်အရေးတစ်ရပ်အဖြစ် မြင်နေကြပါတယ်။ Katherine Gypson သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
အီရတ် Sinjar မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းဆည်းနိုင်ခဲ့တာ တနှစ်ကြာလာတဲ့အထိ ပျက်ဆီးဆုံးရှုံးတွေ ပြည့်နှက်နေဆဲပါ။ မြို့ကို IS တွေ လက်ထဲ ပြန်ကျမသွားအောင်လည်း Peshmerga တပ်ဖွဲ့တွေက ဆက်လက်ကာကွယ်နေရဆဲပါ။ Sinjar မြို့ကနေ Heather Murdock ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
မှတ်ဉာဏ်စမ်းသပ်တဲ့ Game များ
အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပတဲ့ Halloween ညမှာ ကြောက်စရာကောင်းတဲ့ ဝတ်စုံတွေဝင်ဆင် သွားလာကြတာ၊ သရဲခြောက်တဲ့နေရာတွေကို လျှောက်လည်တာတွေရှိသလို၊ ကလေးတွေကတော့ တစ်အိမ်ဝင် တစ်အိမ်ထွက် trick or treat ဆိုပြီး ချိုချဉ်တွေ လိုက်တောင်းကြပါတယ်။ Deborah Block ရဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်