အမျိုးသမီးတစ်ဦးရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ယူဆချက်တွေဟာ လူထုက အမျိုးသမီးသမ္မတလောင်း တစ်ဦးအပေါ် တုန့်ပြန်မှုအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာ Keida Kostreci ရဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
IFES ရဲ့ ဒီမိုကရေစီဆု ကိုနေလင်းစိုး ချီးမြှင့်ခံရ
အမေရိကန်ပြည်ထောင်စုမှာ အလိုအလျောက်စနစ်တွေနဲ့ ကွန်ပြူတာတွေရဲ့ အသုံးဝင်မှု ကျယ်ပြန့်လာတာဟာ အခုအချိန်မှာတော့ ထရပ်ကားမောင်းသူတွေရဲ့ နေရာကို အစားထိုးဖို့ ဖြစ်လာနေပါတယ်။ နည်းပညာတိုးတက်မှုတွေအကြောင်း Jim Randle ပေးပို့ထားတဲ့ သတင်းလွှာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဂျပန် Nintento ကုမ္ပဏီက တီထွင်တဲ့ Pokemon Go ဂိမ်းကို မြန်မာအပါအဝင် နိုင်ငံအတော်များများမှာ လူတွေကစားနေကြသလို၊ ဂိမ်းကစားသူတွေကြောင့်ဖြစ်တဲ့ ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေ၊ ယာဉ်မတော်တဆမှုတွေနဲ့ တခြားမတော်တဆ ဖြစ်ရပ်တွေလည်း ဖြစ်လာပါတယ်။ အေပီနဲ့ ရိုက်တာသတင်းတွေကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အလိုလျောက်စနစ်တွေနဲ့ ကွန်ပြူတာတွေရဲ့ အသုံးဝင်မှု ကျယ်ပြန့်လာတာဟာ အခုအချိန်မှာ ထရပ်ကားမောင်းသူတွေရဲ့ နေရာကို အစားထိုးတော့မယ့်အခြေအနေ ဖြစ်လာနေပါတယ်။ နည်းပညာဖွံ့ဖြိုးမှုနဲ့ မောင်းသူမဲ့ထရပ်ကားတွေအကြောင်း Jim Randle ပေးပို့ထားတဲ့ သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အနုပညာရှင်တစုဟာ သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်သန့်ရှင်းရေး ရည်ရွယ်တဲ့အနေနဲ့ မနီလာမြို့က ညစ်ညမ်းနေတဲ့ ရေတွေကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ရေဆေးပန်းချီတွေနဲ့ ပြပွဲတခု ဖွင့်လှစ်ပြသကြပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ရောင်စုံခဲတံတွေ၊ crayon တွေနဲ့ ဆေးရောင်ခြယ်ရတာဟာ ကလေးတွေကို အရောင်တွေ ခွဲခြမ်း စိတ်ဖြာတတ်စေပြီး သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြောဆိုခြင်းနဲ့ အနုပညာစွမ်းရည်တွေ မြှင့်တင်ပေးရာ ရောက်ပါတယ်။ လူကြီးတွေဆိုရင်လည်း စိတ်လက်ပေါ့ပါး စေနိုင်တဲ့အကြောင်း Faiza Elmasry ရဲ့ သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
American Iron Works သံထည်လုပ်ငန်းကုမ္ပဏီဟာ အမေရိကန်လွှတ်တော်အဆောက်အဦး အမိုးခုံးကြီးကို ပြန်လည်မွမ်းမံနေပြီး ဒီကုမ္ပဏီမှာ နိုင်ငံပေါင်းစုံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား အလုပ်လုပ်နေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Arman Tarjimanyan သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင် ကတင်ပြထားပါတယ်။
ဥရောပသမဂ္ဂ EU ထဲကနေ UK နိုင်ငံနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် တခြားအဖွဲ့ဝင် နိုင်ငံတွေလည်း နုတ်ထွက်လာမှာကို EU အဖွဲ့ကြီးက စိုးရိမ်နေရပါတယ်။ EU ထဲကနေ နုတ်ထွက်သင့်မသင့် ဆိုတာတွေကို နယ်သာလန်နိုင်ငံမှာ ပြောဆိုလာနေတာပါ။ Henry Ridgwell သတင်းလွှာကို ကိုဝင်းခန့်မောင် က တင်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ သယံဇာတကျိန်စာကို ရှောင်လွှဲဖို့ဆိုရင် ပွင့်လင်းမြင်သာမှု ရှိဖို့ အဓိက အရေးကြီးတဲ့အကြောင်း ဝါရှင်ဒီစီမြို့တော် Carnegie ငြိမ်းချမ်းရေးစင်တာမှာ မနေ့ကကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးတဲ့ ပညာရှင်တွေက ထောက်ပြပြောဆိုပါတယ်။ ကိုယ်တိုင် သတင်းယူထားတဲ့ ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
"အဓိကအားဖြင့် အုပ်ချုပ်ရေးစနစ်၊ နောက် ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ပြီးလို့ရှိရင် ထိရောက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေက သယံဇာတကျိန်စာတွေကို ပိုပြီးတော့မှ ဖြစ်စေတာကို ကျနော်တို့ တွေ့ရတယ်။"
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက စီးပွားရေးအရ ပြစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ပြင်ဆင်ခဲ့တဲ့ အပေါ် ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးပိုင်းအရ သက်ရောက်မှု အမျိုးမျိုးရှိ လာနိုင်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။