လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်က စတင်ခဲ့တဲ့ ဆေးလိပ်သောက်သုံးမှုလျှော့ချရေး အသိပေးချက်တွေဟာ ဒီကနေ့မှာတော့ လူပေါင်း ၈ သန်းရဲ့ အသက်အန္တရာယ်ကို ကယ်တင်ခဲ့လိုက်နိုင်ပြီဖြစ်တယ်လို့ American Medical Association အမေရိကန် ဆေးပညာအဖွဲ့အစည်းကဆိုပါတယ်။ Masha Morton ပေးပို့ထားတဲ့သတင်းကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။
အီဂျစ်နိုင်ငံမှာ (၃)ထပ်တိုက်တစ်တိုက်ပေါ်ကနေ ကလေးတစ်ယောက်ပြုတ်ကျလုနီးနီးဖြစ်နေတာကို ရဲ(၃)ယောက်ကတွေ့ခဲ့ပြီး အချိန်မှီကယ်တင်လိုက်နိုင်တဲ့အတွက် အသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။ ရဲတစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့ပြီး ကုသမှုခံယူခဲ့ရပါတယ်။
ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုများ
Virtual Reality လို့ခေါ်တဲ့ ပုံရိပ်စစ်နည်းပညာပိုင်းမှာ ရေပန်းစားလာတာနဲ့အမျှ အများနဲ့မတူ ထူးခြားတဲ့ဒီဇိုင်းနဲ့ အမြင်ဆန်းသစ်မှုကြောင့် ကင်မရာတွေမြှုပ်နှံတပ်ဆင်ထားတဲ့ နေကာမျက်မှန်ကို လူတွေအာရုံစိုက်လာကြပါတယ်။ VOA သတင်းထောက် Elizabeth Lee ရဲ့ သတင်းကိုအခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
လူသားတွေကို အလုပ်လုပ်ရာမှာ အထောက်အကူဖြစ်စေဖို့ နဲ့ အလုပ်ပမာဏတွေကို လျှော့ချပေးနိုင်ဖို့ နည်းပညာကုမ္မဏီတွေဟာ စက်ရုပ်တွေကို ဖန်တီးနေကြတာမှာ အမေရိကန်ပြည်ထောင်စု Silicone Valley အခြေဆိုက် Savioke ကုမ္မဏီလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Elizabeth Lee ရဲ့ သတင်းကိုအခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
စစ်ပွဲရဲ့ဒဏ်တွေကို ခံပြီးချိန်မှာ ပျောက်ကွယ်လုနီး အာဖဂန်ရိုးရာလက်မှုပညာရပ်တွေကို ဗြိတိန်အခြေဆိုက် Turquoise Mountain အဖွဲ့တစ်ခုက မြို့တော် ကဘူးမှာရှိနေသေးတဲ့ Murad Khani ခေါ် အနုပညာရပ်ကွက်လေး ပြန်လည်ဖွံ့ဖြိုးလာစေဖို့ အကူအညီပေးနေပါတယ်။ Munaza Shaheed ရဲ့ သတင်းကို ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
တရုတ်၊ ရုရှား အင်အားကြီးနိုင်ငံကြီးတွေနဲ့ ယှဉ်ပြိုင်ရာမှာ အမေရိကန်ရဲ့ ဦးစားပေးလုပ်ငန်းတွေကို ပင်တဂွန်စစ်ဌာနချုပ်က ပြန်ပြီး အာရုံစိုက် လုပ်ဆောင်နေတာနဲ့အမျှ၊ ဝန်ကြီး Mattis အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ Bill Gallo ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။
အကြမ်းဖက် နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက သူတို့ လုံခြုံရေးအတွက် စိတ်မချတဲ့အတွက် မြန်မာနိုင်ငံဘက် အတင်းအကျပ်ပြန်ပို့မှာ စိုးရိမ်နေကြပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ရိုဘော့ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ သိသိသာသာကြီးကို တိုးတက်လာတာ တွေ့မြင်ရပါတယ်။ ၂၀၁၈ မှာလည်း ပိုစွမ်းဆောင်ရည်တွေမြင့်လာဖို့နဲ့ ပိုခက်ခဲတဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်လာနိုင်ဖို့ပဲ ရှိနေပါတယ်။ Faiza Elmasryရဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
၂၀၁၇ အတွင်း အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်အကြမ်းဖက်မှုတွေ စံချိန်တင် များပြားခဲ့ပါတယ်။ ဖြစ်ရပ်ပေါင်း ၆ သောင်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၁ သောင်းခွဲကျော် ရှိခဲ့တယ်လို့ သေနတ်ကိုင် အကြမ်းဖက်မှုတွေကို စောင့်ကြည့်လေ့လာတဲ့ NGO တခုက ပြောပါတယ်။ Mariama Diallo သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
Trump အမေရိကန်သမ္မဖြစ်လာပြီးနောက်ပိုင်းမှာတော့ စစ်ရေးအရ ခြိမ်းခြောက်မှုနဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကို အလေးပေးတဲ့ မြောက်ကိုရီးယားအပေါ် ဖိအားပေးဆက်ဆံရေးနည်းဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Brian Padden ဆိုးလ်မြို့ကနေ ပေးပို့ထားတဲ့သတင်းကို ကိုဝင်းခန့်မောင်က ပြောပြပါလိမ့်မယ်။
ကမ္ဘာတလွှား ပဋိပက္ခတွေနဲ့ သဘာဝဘေးဆိုးတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ လူပေါင်း ၉၁ သန်းအတွက် ၂၀၁၈ အတွင်း စာနာမှုအထောက်အပံ့ ဒေါ်လာ ၂၂.၅ ဘီလျံ တောင်းခံလိုက်ပါတယ်။
စက်တင်ဘာ ၁၂ရက်နေ့မှာ Apple ကုမ္မဏီဟာ သူ့ရဲ့ ပစ္စည်းသစ်တွေကိုကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ရုံးချုပ်အသစ်မှာ ကြေညာမိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီပစ္စည်းအသစ်တွေထဲမှာ လူတွေအမျှော်လင့်ဆုံးကတော့ Apple Iphone ပဲဖြစ်ပါတယ်။ဗွီအိုအေသတင်းထောက် Mil Arcega ရဲ့ သတင်းကိုအခြေခံပြီးကိုဝင်းခန့်မောင်က ပြောပြပါမယ်။
လူတွေရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့ Hypothalamus လို့ခေါ်တဲ့ ပင်မဆဲလ်တွေဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကို အဆုံးအဖြတ်ပေးတဲ့ ဆဲလ်တွေဖြစ်ပါတယ်။ ဒီဆဲလ်တွေရဲ့အကြောင်းကို Albert Einstein ဆေးပညာကောလိပ်က သုတေသီတွေ ရှာဖွေတွေ့ရှိ ထားတဲ့အကြောင်း အကြောင်း Kevin Enochs ရဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ အင်ဒီယံမြစ်ရဲ့ရေအိုင်ဟာ ဇီဝမျိုးကွဲအများဆုံးတွေ့ရတဲ့ ကမ္ဘာ့မြောက်ဖက်ခြမ်းရဲ့ မြစ်ဝတခုဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါ ရေထဲက ရေသတ္တဝါတွေနဲ့ အပင်တွေအတွက် အင်မတန်စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Faith Lapidus ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ပါရီလေကြောင်းပြပွဲနဲ့ လေယာဉ်သစ်များ
လေယာဉ်ထွက်ခွာချိန်အမှီ လေဆိပ်ကိုရောက်သွားပေမယ့် ကားပါကင်ရှာမရလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးကြုံဖူးကြမှာပါ။ ဂျာမနီနိုင်ငံက Duesseldorf လေဆိပ်မှာတော့ ကားပါကင်ရှာတဲ့အလုပ်ကို Ray လို့ နာမည်ပေးထားတဲ့ လုပ်သားစက်ရုပ်လေးတခုက လုပ်ပေးနေပါတယ်။ အေပီ ဆောင်းပါးကိုအခြေခံပြီး ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တိုးတက်အောင်မြင်နေတဲ့ မြို့သေးလေးတွေရှိပေမယ့်လည်း Illinois ပြည်နယ် Mount Carroll မြို့လေးကတော့ တဖြေးဖြေး စီးပွားရေးလုပ်ငန်းတွေ လျော့ကျလာနေပါတယ်။ ဒီမြို့လေးအကြောင်း Deepak Dobhal ရဲ့ သတင်းလွှာကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
၂၀၁၈ အမေရိကန် အစိုးရအသုံးစရိတ်
အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ၊ လူသုံးကုန်ပစ္စည်းတွေကို လူတွေပိုပြီး စိတ်ဝင်စားလာနေပါတယ်။ နောက်ပိုင်း ခေတ်အစားဆုံး ထုတ်ကုန်တွေထဲက တခုကတော့ အုန်းသီးနဲ့ပြုလုပ်တဲ့ အစားအသောက်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ Faiza Elmasry ရဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်