ဆေးဝါးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့ အခက်အခဲတွေ ရှိနေချိန်မှာ ထိန်းချုပ် ဆေးဝါးတွေနဲ့ အရေးကြီး ဆေးဝါးတွေကို စစ်ကောင်စီက တိုက်ရိုက်တင်သွင်းကာ ပြည်တွင်းလက်လီဆိုင်တွေက တဆင့် ဖြန့်ဖြူးမယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။
ယူကရိန်းသမ္မတဇလန်စကီးက အကူအညီပေးဖို့ ပန်ကြားလိုက်ပြီးနောက်မှာပဲ လက်နက်နဲ့ ကာကွယ်ရေး ပစ္စည်းတွေအပါအဝင် ဒေါ်လာသန်း ၈၀၀ ကူညီထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာ စစ်ဘက်ဆိုင်ရာ ဘယ်လိုအထောက်အပံ့မျိုးတွေ ပါဝင်ပါသလဲ။
အမေရိကန်၊ အာဆီယံ ထိပ်သီးစည်းဝေးပွဲ စစ်ကောင်စီကို မဖိတ်ကြား၊ စစ်တပ် ထိုးစစ်တိုးမြှင့်မှု အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပိုများ၊ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး ကုန်ဈေးနှုန်း တက်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်ေးလာင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
အာဏာသိမ်း ၁ နှစ်ပြည့် မြန်မာ့အခြေအနေ ကန်အောက်လွှတ်တော်မှာဆွေးနွေးပွဲ၊ အာဏာသိမ်းနောက်ပိုင်း အိုးအိမ်စွန့်ပြေးရသူ ၂ ဆတိုး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာအာဏာသိမ်း နှစ်ပတ်လည်တဝှိက် ကန်နိုင်ငံသားတွေ အသွားအလာသတိထားဖို့ ကန်သံရုံး သတိပေးချက်ထုတ်၊ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားနေလို့ဆိုပြီး နိုင်ငံခြားစွမ်းအင်ကုမ္ပဏီကြီးတွေ လုပ်ငန်းရုပ်သိမ်း၊ ဒီလို တပတ်အတွင်း ထိပ်တန်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခက ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့တာဖြစ်ပြီး အခုထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့ အစိုးရလက်ထက်မှာ နှစ်ဘက်ကြားတင်းမာမှု ပိုတိုးလာတာပါ။ ဒီလိုအခြေအနေကို ဘယ်လိုရောက်ခဲ့တာပါလဲ။ ကိုဝင်းခန့်မောင်၊ မအေးသန္တာကျော်တင်ဆက်ထားပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခက ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့တာဖြစ်ပြီး အခုထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့ အစိုးရလက်ထက်မှာ နှစ်ဘက်ကြားတင်းမာမှု ပိုတိုးလာတာပါ။ ဒီလိုအခြေအနေကို ဘယ်လိုရောက်ခဲ့တာပါလဲ။
လက်ရှိမှာတော့ ယူကရိန်း သမ္မတ Volodymyr Zelenskiy က ရုရှား ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ရှိသလို ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ရုရှားသမ္မတပူတင်နဲ့ သောကြာနေ့မှာ ဖုန်းဆက်စကားပြောဖို့ အစီအစဉ်ရှိပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရူးဆဲလ်မြို့မှာ ဇန်နဝါရီ ၂၄ရက်က ကိုဗစ်ကာကွယ်ဆေးထိုးမှုနဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ အခြေအတင်ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူ ၅သောင်းလောက်ကို ရဲက ရေအမြှောက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ် 19 ရောဂါကူးစက်မှု ကာကွယ်ရေး နှာခေါင်းစည်းတွေတပ်ဖို့နဲ့ ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်ဆိုတဲ့ သမ္မတဂျိုးဘိုင်ဒန် အစိုးရရဲ့ အမိန့်ကို ဆန့်ကျင်ကန့်ကွက်သူတွေ မနေ့က ဝါရှင်တန်မြို့တော်မှာ ထောင်နဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက တန်ဂါကျွန်းအနီး ရေအောက်မီးတောင်ပေါက်ကွဲပြီး လှိုင်းကြီးတွေရိုက်ခတ်မှုကြောင့် ရေနံဖိတ်စင်မှုတွေဖြစ်ခဲ့လို့ ပီရူးနိုင်ငံကမ်းခြေတွေ ထိခိုက်ကုန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့က ပီရူးကမ်းခြေ ၃ခုကို ပိတ်လိုက်ရပြီး ရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့ရပါတယ်။
တွန်ဂါနိုင်ငံအနီး ဇန်နဝါရီ ၁၄ရက်နေ့က ရေအောက်မီးတောင်ပေါက်ကွဲလို့ ကျွန်းတခုလုံးနဲ့ ပြာတွေဖုံးလွှမ်းသွားခဲ့ပါတယ်။
အာဂျင်တီးနားမှာ ဗိုက်ထဲပလတ်စတစ်တွေနဲ့ ပြည်နေတဲ့ လိပ်တွေကို ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ Grupo Marino ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ငါးဖမ်းပိုက်မှာ ငြိနေခဲ့တဲ့ လိပ်တွေရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ပလတ်စတစ်အမျိုးအစား ၁၀မျိုးရှိခဲ့ပါတယ်။
ချီလီနိုင်ငံမြောက်ပိုင်းမြို့ Iquique က လူဆင်းရဲရပ်ကွက်တခုမှာ တနင်္လာနေ့က ထိန်းမနိုင်သိမ်းမရလောင်ကျွမ်းခဲ့တဲ့မီးကြောင့် လူနေအိမ်အလုံး ၁၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မီးလောင်နေစဉ် ရပ်ကွက်ထဲက ရေပေးဝေရေးလည်း ပြတ်တောက်သွားတာကြောင့် မီးသတ်သမားတွေ ရေရှိဖို့ တော်တော်လေးခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပါတယ်။
သမိုင်းထဲက နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတိုက်ပွဲတွေကို ဂုဏ်ပြုအောက်မေ့တဲ့အထိမ်းအမှတ်အနေနဲ့ အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် ကွယ်လွန်သူ မာတင်လူသာကင်းနဲ့ သူရဲ့ ဇနီး ကော်ရက်တာစကော့ကင်းတို့ရဲ့ အုတ်ဂူတွေရှေ့ ပန်းခွေချအခမ်းအနားမှာ အမေရိကန်သမ္မတဘိုင်ဒန်နဲ့ ဒုသမ္မတ ဟဲရစ်စ်တို့နှစ်ဦး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ရေနေတွားသွားသတ္တဝါတမျိုး ichthyosaur တကောင်ရဲ့ ရုပ်ကြွင်းကို အင်္ဂလန်နိုင်ငံ Midlands ဒေသက Anglian Water ရေပေးဝေရေးကုမ္ပဏီပိုင်မြေမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။
▶ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဒီကနေ့ ဇန်နဝါရီ ၇ရက်နေ့ ရန်ကုန်မြို့ကို ရောက်ရှိလာချိန်မှာပဲ သူ့ခရီးစဉ်ကို ဆန့်ကျင်တဲ့ လျှပ်တပြက်ဆန္ဒပြပွဲတခုဖြစ်ပွားခဲ့ပါတယ်။
နှင်းသည်းသည်းထန်ထန်ကျခဲ့ပြီး နောက်တနေ့ ဇန်နဝါရီ ၄ရက်နေ့က ကုန်တင်ကားကြီး ၆ စီးပါဝင်တဲ့ ယာဉ်မတော်တဆမှုတခုကြောင့် အမေရိကန်လွှတ်တော်အမတ်တဦးအပါအဝင် ရာနဲ့ချီတဲ့ မော်တော်ယာဉ်တွေဟာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် I-95 အဝေးပြေးလမ်းမပေါ်မှာ ၁၅ နာရီထက်မနည်း ပိတ်မိနေခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့နေ့မှာ ဗြိတိသျှယူနီယံဂျက်အလံကို မြန်မာအလံနဲ့ ပြောင်းလဲလွှင့်ထူခဲ့ပါတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က မြန်မာသမ္မတ စဝ်ရွှေသိုက်နဲ့ အတူ တပ်ဖွဲ့များကို စစ်ဆေးခဲ့ပြီးနောက် ဘာမင်ဂန် သင်္ဘောကြီးပေါ်ကနေ လက်ပြနှုတ်ဆက်၊ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်