IS နောက်ဆုံး ခြေကုပ်စခန်း ကျအပြီး SDF တပ်တွေ အောင်ပွဲခံ
အီရတ်ကူးတို့သင်္ဘောမှောက်မှု ၉၄ ဦးထက်မနည်း သေဆုံး
နှင်းတောင်ကုန်းတွေပေါ်က Harley Davidson တောင်တက်ပြိုင်ပွဲ
ဟိန္ဒူ ဟိုလီသင်္ကြန်ပွဲ မျှော်စင်ကျွန်းမှာ ဆင်နွှဲ
အမုန်းစကားပြောသူ အမတ်အတွက် ကြက်ဥလက်ဆောင်
ရုရှားနှင်းလျှောစီးစခန်းနဲ့ ဂင်းနစ်စံချိန်
အိန္ဒိယနိုင်ငံမှာ Lathmar Holi လို့ခေါ်တဲ့ ပွဲတော်တစ်ခုကို ကျင်းပနေတဲ့ ပုံရိပ်များဖြစ်ပါတယ်။ အမျိုးသားတွေက ခေါင်းကို သားရေပြားနဲ့ ကာထားပြီး အမျိုးသမီးတွေက ဝါးလုံးနဲ့ ရိုက်ကြရတာဖြစ်ပါတယ်။ Lathmar ဆိုတာက တုတ်ချောင်းနဲ့ ရိုက်ခြင်းလို့ တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်။ #voaburmese #voasocial
နယူးဇီလန်က ဗလီ(၂)ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မနေ့ တနင်္ဂနွေနေ့က ဆိုင်ကယ်စီးသူများအဖွဲ့တစ်ဖွဲ့ ဟာ haka အကကို တင်ဆက်ခဲ့ပါတယ်။ ဒီအကဟာ နယူးဇီလန်က ဒုတိယအများဆုံး တိုင်ရင်းသား Māori လူမျိုးတွေရဲ့ ရိုးရာအခမ်းအနားတွေမှာ ပါဝင်တဲ့ အကတစ်ခုလည်း ဖြစ်ပါတယ်။ #voaburmese #voasocial
ကင်ဂျုံနန်လုပ်ကြံမှုနဲ့ သံသယရှိသူအမျိုးသမီးလွတ်မြောက်
နယူးယောက်မြို့ က (၁၆)နှစ်သား Daniel Rose-Levine ဟာ ခြေထောက်ကို အသုံးပြုပြီး Rubik cube ကို ဖြေရှင်းရာမှာ ၁၆.၉၆ စက္ကန့်စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ တနေ့ကို ၅နာရီကြာအောင် လေ့ကျင့်ပြီး ၂၀၁၈ခုနှစ်ကတင်ခဲ့တဲ့ ဂင်းနစ်စံချိန်ကို သူကိုယ်တိုင် ပြန်ချိုးခဲ့တာဖြစ်ပါတယ်။ #voaburmese #voasocial
တောင်အာဖရိက ပစ်ကာဆို (Pigcasso)
အကဝါသနာရှင် သိုးကလေး
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံ Magheraroarty ကမ်းခြေမှာ ရေလွှာလျှောစီးပြီး လေထဲမှာအလှပြကစားတဲ့ windsurfing ကစားကြသူတွေနဲ့ စည်ကားခဲ့ပါတယ်။ သူတို့ဟာ Red Bull အချိုရည်က ကျင်းပတဲ့ Red Bull Storm Chase ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ #voaburmese #voasocial
ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံး ဆာပေါ်လိုမြို့မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မိုးအပြင်းအထန်ရွာသွန်းခဲ့တာကြောင့် ရေကြီးပြီး ကလေးငယ် (၁)ဦးအပါအဝင် လူ(၁၁)ဦးသေဆုံးခဲ့ပါတယ်။ (AP သတင်း) #voaburmese #voasocial
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေပြင်းတိုက်ခတ်မှုကြောင့် လန်ဒန်မြို့က အဆောက်အအုံတစ်ခုရဲ့ နံရံအစိတ်အပိုင်းပြိုကျခဲ့တာမှာ လမ်းလျှောက်နေတဲ့ လူတစ်ယောက် သီသီလေး ကပ်လွတ်သွားကို လုံခြုံရေးကင်မရာကနေ တွေ့ခဲ့ရပါတယ်။ #voaburmese #voasocial
အင်းဆက်ပိုးကောင်တွေ မျိုးတုန်းလာမှု အန္တရာယ်
MIT တက္ကသိုလ်က ချီတာစက်ရုပ်
အီတလီနိုင်ငံ Ivrea မြို့မှာ နှစ်စဉ်ကျင်းပတဲ့ လိမ္မော်သီးပေါက်ပွဲကို မတ်လ(၃)ရက်နေ့က တွေ့မြင်ခဲ့ရတာပါ။ အရောင်တောက်တောက်အဝတ်အစားတွေဝတ်ဆင်ထားတဲ့ အသင်းတွေဟာ ကားနဲ့လှည့်လည်ပြီးအခုလို အပြန်အလှန်ပစ်ပေါက်ကြတာဖြစ်ပါတယ်။ ဒီအစဉ်အလာဟာ ၁၂ရာစုကတည်းက စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ #voasocial #voaburmese
အာရှဆင်ကလေး ဘယ်ဂျီယံမှာ မွေးဖွား
လိပ်အကောင်ရေ(၁၀၀)ကျော် အီကွေဒေါမှာ ဘေးမဲ့လွှတ်
နောက်ထပ်ကြည့်ရှုရန်